6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၂၊ ၂၀၁၈
M-Media

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဖာဒီ အလ်-ဘက်ရှ်

– မနေ့က ကွာလာလမ်ပူမှာ ပါလက်စတိုင်း သိပ္ပံပညာရှင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရမှုဟာ နိုင်ငံခြားအဖွဲ့အစည်းတစ်ခုရဲ့လက်ချက် ဖြစ်နိုင်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က အတည်ပြုပြောကြားလိုက်ပါတယ်။

ဖာဒီ အလ်-ဘက်ရှ်ဆိုသူဖြစ်ပြီး မနေ့က စတာပက်မှာရှိတဲ့ သူ့နေအိမ်ကနေ အာရုဏ်တက်ဝတ်ပြုဖို့ ဗလီကိုအသွား သေနတ်သမားနှစ်ဦးရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ သူရဲ့ မိသားစုနဲ့ ဂါဇာကမ်းမြှောင်က ဟားမက်စ်အဖွဲ့တို့ကတော့ ဒါဟာ အစ္စရေးထောက်လှမ်းရေး မိုဆာ့ဒ်ရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အလ်-ဘက်ရှ်ဟာ ဟားမက်စ်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

မလေးရှားရဲတပ်ဖွဲ့က သူတို့ဟာ အလောင်းခွဲစိပ်စစ်ဆေးမှုကို ဒီနေ့မနက်မှာ လုပ်ဆောင်ခဲ့ပြီး ရှုထောင့်ပေါင်းစုံကနေ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

“ရှုထောင့်ပေါင်းစုံကနေ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှု လုပ်နေပါတယ်။ ကျွန်တော်တို့ဟာ ဒီကိစ္စကို တော်တော်လေး သေသေချာချာ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရပါမယ်။ ဒါဟာ နိုင်ငံတကာပြဿနာပါ” လို့ ရဲတပ်ဖွဲ့အကြီးအကဲ မဇ်လန် လာဇင်းမ်က ပြောပါတယ်။

မလေးရှား ဒုတိယ၀န်ကြီးချုပ် အဟ်မဒ် ဇာဟစ် ဟာမီဒီက သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိသူတွေဟာ နိုင်ငံခြားထောက်လှမ်းရေးနဲ့ ဆက်စပ်နေတဲ့ ဥရောပသားတွေဖြစ်တယ်လို့ ယုံကြည်ရကြောင်း ပြောကြားခဲ့ပါတယ်။

အလ်-ဘက်ရှ်ဟာ အစ္စရေးရဲ့ ပိတ်ဆို့မှုကြောင့် အတိဒုက္ခရောက်နေတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်က စွမ်းအင်ကဏ္ဍကို ကူညီပံ့ပိုးပေးနေသူတစ်ဦးဖြစ်တယ်လို့ ဟားမက်စ်အဖွဲ့က ပြောကြားထားပါတယ်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာက ပါလက်စတိုင်း ဒရုန်းကျွမ်းကျင်သူ မိုဟာမက် အလ်-ဇာဝါရီဟာ တူနီးရှားမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး ဟားမက်စ်က အစ္စရေးလက်ချက်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အစ္စရေးဟာ ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူ တော်တော်များများကို လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြပြီး အများစုဟာ နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့သူတွေ ဖြစ်ပါတယ်။

Ref: Aljazeera

Comments are closed.