5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၆၊ ၂၀၁၈
M-Media

ဆန္ဒပြနေကြသည့် ဘရာဇီးလ်တိုင်းရင်းသားများ

ကူဝိတ်-ဖိလစ်ပိုင် သံတမန် တင်းမာမှုဖြစ်
=================
နိုင်ငံအတွင်းက ဖိလစ်ပိုင် သံအမတ်ကို တစ်ပတ်အတွင်း ထွက်သွားဖို့အတွက် ကူဝိတ်က မနေ့မှာ အမိန့်ပေးလိုက်ပြီး မနီလာက သူတို့သံအမတ်ကိုလည်း ပြန်ခေါ်သွားမယ်လို့ ဆိုပါတယ်။ ကူဝိတ်နိုင်ငံမှာရှိတဲ့ ဖိလစ်ပိုင် အိမ်အကူတွေကို ဖိလစ်ပိုင်သံရုံးဝန်ထမ်းတွေက စနနေ့မှာ အိမ်တိုင်ရာရောက် သွားရောက်ခေါ်ထုတ်ခဲ့ပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံ တင်းမာမှု မြင့်တက်လာတာပါ။ ကူဝိတ်က ဒါဟာ အချုပ်အခြာ ချိုးဖောက်မှုဖြစ်တယ်လို့ ပြောဆိုထားပြီး ဖိလစ်ပိုင်ကလည်း မနေ့မှာ ပြန်တောင်းပန်ခဲ့ပါတယ်။

မြောက်ကိုရီးယား နျူစမ်းသပ်ရာနေရာ ပြိုကျပျက်ဆီး
================
တရုတ်နယ်စပ်မှာရှိတဲ့ မြောက်ကိုရီးယားရဲ့ နျူစမ်းသပ်ရာနေရာ ပြိုကျသွားတာကြောင့် ကင်ဂျုံအန်က လက်နက်စမ်းသပ်မှုတွေ ရပ်တန့်မယ်လို့ ပြောတာဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာက မနေ့မှာ ဖော်ပြပါတယ်။ Punggye-ri လို့ခေါ်တဲ့ အဲဒီနေရာဟာ ပြင်ဆင်လို့မရအောင် ပျက်ဆီးသွားပြီး ရေဒီယိုသတ္တိကြွမှုပြဿနာကို တရုတ်နိုင်ငံကပါ ကြုံတွေ့ရမယ့် အခြေအနေရှိနေတယ်လို့လည်း ဆိုပါတယ်။ ကင်ဟာ တောင်ကိုရီးယားသမ္မတနဲ့ မနက်ဖြန် တွေ့ဆုံမှာဖြစ်ပါတယ်။

ပါလက်စတိုင်းလူငယ်အား ပစ်သတ်ခဲ့သည့် တပ်ဖွဲ့ဝင်ကို အစ္စရေးက ထောင်ဒဏ်အနည်းဆုံးချ
============
လွန်ခဲ့တဲ့ ၄ နှစ်က အသက် ၁၇ နှစ်အရွယ် လက်နက်မဲ့ ပါလက်စတိုင်း ဆယ်ကျော်သက်တစ်ဦးကို ပစ်သတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကို အစ္စရေးက ထောင်ဒဏ် ၉ လသာ ချမှတ်ခဲ့ပြီး တရားစီရင်ရေး ဘက်လိုက်မှုအတွက် ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က ဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ အသက် ၁၆ နှစ်အရွယ် နောက်ထပ် ပါလက်စတိုင်းတစ်ဦးလည်း ပစ်သတ်ခံခဲ့ရပြီး အထောက်အထားမပြည့်စုံဘူးလို့ပြောကာ ကျူးလွန်သူကို အစ္စရေးက ဖမ်းဆီးခြင်း မပြုခဲ့ပါဘူး။

ဘိုးဘွားပိုင်မြေ ထိန်းသိမ်းခွင့်ရရေး ဘရာဇီးလ်တိုင်းရင်းသားများ ဆန္ဒပြ
==============
သူတို့ရဲ့မြေယာတွေ ကာကွယ်ပိုင်ခွင့်ရရေးအတွက် ဘရာဇီးလ်က ထောင်သောင်းချီတဲ့ တိုင်းရင်းသားတွေဟာ မနေ့က မြို့တော် ဘရာစီလီယာမှာ ဆန္ဒပြခဲ့ကြပါတယ်။ တိုင်းရင်းသားတွေ သူတို့မြေပိုင်ဆိုင်ခွင့်ကို ဘရာဇီးလ်ရဲ့ အခြေခံဥပဒေမှာ အာမခံထားပေမယ့် သစ်ခုတ်သမားတွေ၊ မိုင်းသမားတွေနဲ့ အခြား စီးပွားရေးလုပ်ငန်းရှင်တွေက သိမ်းယူမှုတွေရှိနေပြီး အစိုးရက ကာကွယ်မပေးတဲ့အတွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ချန်ပီယံလိဂ်ဆီမီး ပ-ကျော့တွင် ရီးယဲလ်က အိမ်ရှင်ဘိုင်ယန်ကို အနိုင်ရ
=================
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ဘိုင်ယန်နဲ့ ရီးယဲလ်တို့ ဒီကနေ့မနက်ပိုင်းက ယှဉ်ပြိုင်ကစားရမှာ ဘိုင်ယန်က ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ရီးယဲလ်က နောက်ကလိုက်ပြီး ၂ ဂိုးသွင်းခဲ့တဲ့အတွက် အနိုင်ရခဲ့ပါတယ်။ မေလ ၁ ရက်နေ့မှာကစားမယ့် ဒုတိယအကျော့မှာတော့ ဘိုင်ယန်ဟာ ရီးယဲလ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့နိုင်မှ ဗိုလ်လုပွဲကို တက်နိုင်မှာ ဖြစ်ပါတယ်။

Ref: Aljazeera

Comments are closed.