6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၆၊ ၂၀၁၈
M-Media

အဟ်မဒ် အဘူ ဟူစိန်၏ ရုပ်အလောင်းကို သယ်ဆောင်လာစဉ်

– အခုလအစောပိုင်း ဂါဇာဆန္ဒပြမှုကို သတင်းယူနေစဉ် အစ္စရေးရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတဲ့ ပါလက်စတိုင်းဂျာနယ်လစ် အဟ်မဒ် အဘူ ဟူစိန်ဟာ ရရှိတဲ့ဒဏ်ရာကြောင့် မနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ဟူစိန်ဟာ ဧပြီလ ၁၃ ရက်နေ့က ဂျာဘာလီယာဒေသအနီးက ဆန္ဒပြမှုမှာ ၀မ်းဗိုက်ကို ပစ်ခတ်ခံလိုက်ရတာပါ။ လတ်တလော ဆန္ဒပြမှုအတွင်း အစ္စရေးရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးတဲ့ ဂျာနယ်လစ်ဟာ ဟူစိန်နဲ့ပါဆို နှစ်ဦးရှိလာပြီ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ်မှာ ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေရဲ့ မျိုးဆက်တွေ နေရပ်ပြန်ခွင့်ရရေးအတွက် ပါလက်စတိုင်းတွေဟာ Great March of Return ခေါင်းစဉ် မတ်လ ၃၀ ရက်နေ့ကစလို့ ဆန္ဒပြမှုတွေ လုပ်ခဲ့တာပါ။

ဂါဇာအခြေစိုက် Voice of the People ရေဒီယိုက ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ ဟူစိန်ဟာ ပစ်ခတ်ခံရချိန်မှာ ‘Press’ (စာနယ်ဇင်း) လို့ရေးထားတဲ့ ဦးထုပ်နဲ့ အင်္ကျီကို ၀တ်ဆင်ထားတယ်လို့ မျက်မြင်သက်သေတွေက ပြောကြားခဲ့ပါတယ်။

ကျင့်ဝတ်အရ ဆန္ဒပြမှုတွေမှာ သတင်းယူကြသူတွေဟာ မီဒီယာကလူမှန်း သိသာစေတဲ့ ဦးထုပ်တွေ၊ ၀တ်စုံတွေ ၀တ်ထားရပြီး လုံခြုံရေးတပ်ဖွဲ့တွေက သူတို့ကို ကာကွယ်ပေးရပါတယ်။ ဟူစိန်က ဒီလိုဝတ်ထားခဲ့ပေမယ့် အစ္စရေးရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဂါဇာအခြေစိုက် Ain Media သတင်းအေဂျင်စီက ဓာတ်ပုံသမား ယာဆာရ် မူရ်တာဂျာဆိုသူလည်း အစ္စရေးရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဧပြီလ ၇ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ မူရ်တာဂျာ အပစ်ခံရတဲ့အချိန်မှာ ဂျာနယ်လစ်တွေ ၀တ်ဆင်ရမယ့် ၀တ်စုံကို ၀တ်ဆင်ထားတာ ဖြစ်ပါတယ်။

Re: Aljazeera

Tags:

Comments are closed.