6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၆၊ ၂၀၁၈
M-Media

ပါကစ္စတန်မိုင်းတွင်း ပြိုကျမှု

ပါကစ္စတန်မိုင်းတွင်းပေါက်ကွဲမှုကြောင့် ၁၆ ဦးသေဆုံး
============
ပါကစ္စတန်နိုင်ငံက ကျောက်မီးသွေးတွင်းတစ်ခုမှာ ဓာတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် မိုင်းတွင်း ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၆ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကြွယ်ဝတဲ့ ဘာလိုချစ္စတန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အာဏာပိုင်တွေကတော့ ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ပါကစ္စတန်မိုင်းတွင်းတွေဟာ ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းတွေ ညံ့ဖျင်းမှု၊ လေ၀င်လေထွက်မကောင်းမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ဇောလေ့ရှိပါတယ်။

မန်ယူနည်းပြဟောင်း ဖာဂူဆန် ခွဲစိပ်ကုသမှု ခံယူရ
=============
မန်ယူရဲ့ ဂန္တ၀င်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ဟာ ဦးနှောက်မှာ သွေးခဲမှုကြောင့် မန့က အရေးပေါ် ခွဲစိပ်ကုသမှုတွေ လုပ်ခဲ့ရတယ်လို့ မန်ယူအသင်းက ကြေငြာခဲ့ပါတယ်။ ခွဲစိပ်မှုအောင်မြင်ခဲ့ပေမယ့် လက်ရှိ အထူးကြပ်မတ်ကုသဆောင်မှာ ဆက်လက်ကုသနေရပါတယ်။ အသက် ၇၆ နှစ်အရွယ်ရှိတဲ့ ဖာဂူဆန်ဟာ မန်ယူအသင်းကို ၁၉၈၆ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ နည်းပြခဲ့ပြီး ပရီးမီးယားလိဂ် ၁၃ ကြိမ်၊ FA ဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိဂ် ၂ ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။

ယူထားသည့်ဒေတာများပြန်ပေးရန် Cambridge Analytica ကို ဗြိတိန်တရားရုံး အမိန့်ပေး
================
Cambridge Analytica က ရယူထားတဲ့ အမေရိကန်မဲပေးသူတစ်ယောက်ရဲ့ အချက်အလက်တွေကို ပြန်ပေးဖို့အတွက် ယူကေ သတင်းအချက်အလက် မဟာမင်းကြီးရုံး (ICO) က သောကြာနေ့မှာ အမိန့်ပေးလိုက်ပါတယ်။ Cambridge Analytica ဟာ အမေရိကန်ပြည်သူ သန်းပေါင်း ၂၄၀ လောက်ရဲ့ အချက်အလက်တွေကို ရယူကာ ၂၀၁၆ ရွေးကောက်ပွဲမှာ အသုံးချခဲ့တာပါ။ ICO ရဲ့ အခုလိုဆုံးဖြတ်မှုဟာ အချက်အလက်ခိုးယူခံရတဲ့ ကျန်တဲ့သူတွေအတွက် လမ်းကြောင်းတစ်ခု ပေါ်လာတာဖြစ်ပါတယ်။ Cambridge Analytica နဲ့ သူ့ရဲ့ မိခင်ကုမ္ပဏီ SCL Elections Ltd တို့က သူတို့ဟာ လုပ်ငန်းပိတ်သိမ်းဖို့ ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

တိုင်းပြည်မျက်နှာကြည့်ဖို့ အမတ်လောင်းများကို မလေးဝန်ကြီးချုပ်ဟောင်းတိုက်တွန်း
==============
မေလ ၉ ရက်နေ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သူတွေအနေနဲ့ အာဏာအတွက်မဟုတ်ဘဲ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့စိတ်ဓာတ် ထားရှိကြဖို့ မလေးဝန်ကြီးချုပ်ဟောင်း အဘ်ဒူလာ အဟ်မဒ် ဘာဒါဝီက သတိပေးလိုက်ပါတယ်။ ဘာဒါဝီဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ၀န်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပေမယ့် ၀န်ကြီးချုပ်ဟောင်း မဟာသီရဲ့ ဝေဖန်မှုကိုခံခဲ့ရသူပါ။ အဲဒီတုန်းက မဟာသီဟာ လက်ရှိဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကို ထောက်ခံခဲ့ပြီး အခုအချိန်မှာတော့ နာဂျစ်ရဲ့ပြိုင်ဘက် ဖြစ်လာပါတယ်။

Ref: Aljazeera, CNA

Comments are closed.