6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၆၊ ၂၀၁၈
M-Media

ဖမ်းဆီးထားသည့် တက်ကြွလှုပ်ရှားသူကို ပြန်လွှတ်ပေးရေး ဆန္ဒပြမှု

– လူ့အခွင့်အရေးလှုပ်ရှားသူတွေ ဖမ်းဆီးခံရမှုကို ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ခဲ့တဲ့အတွက် ဆော်ဒီဟာ ကနေဒါသံအမတ်ကို တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ပြီး ကနေဒါက သူတို့သံအမတ်ကိုလည်း ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ကနေဒါနိုင်ငံသားတစ်ဦးရဲ့ ဆွေမျိုးအပါအ၀င် လတ်တလော ဆော်ဒီက ဖမ်းဆီးထားတဲ့ တက်ကြွလှုပ်ရှားသူတွေကို ချက်ခြင်း လွှတ်ပေးဖို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့တစ်ပတ်မှာ တိုက်တွန်းဆော်သြခဲ့ပြီး ဒီလိုဖမ်းဆီးမှုအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒီလိုဝေဖန်မှုကို မကျေနပ်တဲ့အတွက် ဆော်ဒီဆိုင်ရာ ကနေဒါသံအမတ် ဒန်းနစ်ဟိုရက်ကို တိုင်းပြည်က ၂၄ နာရီအတွင်း ထွက်သွားဖို့အတွက် အသိပေးခဲ့တယ်လို့ ဆော်ဒီနိုင်ငံပိုင်သတင်းဌာနက Saudi Press Agency က ဒီကနေ့မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကနေဒါနဲ့ ဒေါ်လာဘီလီယံချီ ကုန်သွယ်ရေးလုပ်ငန်းအားလုံးကိုလည်း ရပ်ဆိုင်ခဲ့ပြီး၊ ကနေဒါက သူတို့သံအမတ်ကိုလည်း ဆော်ဒီက ပြန်ခေါ်ထားပါတယ်။

ဆော်ဒီဟာ မေလကတည်းက အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဒါဇင်ကျော်လောက်ကို ပစ်မှတ်ထား ဖမ်းဆီးခဲ့ပြီး ‘လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)’ အပါအ၀င် ကမ္ဘာတစ်ဝှမ်းက ဆော်ဒီရဲ့ ဒီလုပ်ရပ်ကို ဝေဖန်ရှုတ်ချခဲ့ပါတယ်။

Ref: Aljazeera

Comments are closed.