5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၈၊ ၂၀၁၈
M-Media

အခမဲ့အသုံးပြုနိုင်မယ့် အိပ်ခန်းငယ်လေးများ

– ကဒ်တစ်ခုကို ဝှေ့ယမ်းကာ အိပ်ခန်းငယ်လေးတစ်ခုရဲ့ တစ်ခါးကို ဖွင့်လိုက်တဲ့ မန်ဆူရ် အလ်-အေမာရ်ရဲ့ အပြုအမူဟာ ဂျပန်က နာမည်ကျော် အိပ်ခန်းငယ်ဟိုတယ်တွေကို သတိရစေပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ အသေးစား အိပ်ခန်းလေးဟာ တနင်္ဂနွေနေ့ (သြဂုတ် ၁၉) ရက်နေ့မှာ စတင်မယ့် အစ္စလာမ်ဘာသာဝင်တို့ ဟဂ်ျပြုရာ ဆော်ဒီအာရေဗျမှာ ဖြစ်ပါတယ်။

လာမယ့်ရက်အနည်းငယ်အတွင်း ဆော်ဒီက မီနာဒေသမှာ ဒီလို အိပ်ခန်းငယ်လေးတွေကို စတင်အသုံးပြုသွားဖို့ ရှိနေပါတယ်။ ၆ ရက်တာကြာမြင့်မယ့် ဟဂ်ျကျင့်စဉ်ဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ပဉ္စမမြောက်မဏ္ဍိုင်ဖြစ်ပြီး လူပေါင်း ၂ သန်းလောက် မီနာမှာ စုရုံးကြမှာ ဖြစ်ပါတယ်။

ရာစုနှစ်ပေါင်းများစွာ ရှိလာခဲ့တဲ့ ဟဂ်ျကျင့်စဉ်ကို အခုနှစ်မှာ ခေတ်မီနည်းလမ်းတွေနဲ့ လွယ်ကူအောင် ဆော်ဒီအစိုးရက ဆောင်ရွက်ရာမှာ အခမဲ့အသုံးပြုနိုင်မယ့် စမတ် အိပ်ခန်းငယ်လေးတွေ ထားရှိပေးမယ့် အစီအစဉ်လည်း ပါဝင်လာပါတယ်။

ချက်ခြင်းလက်ငင်း ဘာသာပြန်နိုင်ဖို့နဲ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေမှာ အသုံးပြုနိုင်မယ့် အက်ပလီကေးရှင်းတွေကိုလည်း ဆော်ဒီအစိုးရက စီစဉ်ပေးထားပါတယ်။

အေမာရ်ဦးဆောင်တဲ့ ဆော်ဒီပရဟိတအဖွဲ့ Haji and Mutamer Gift Charitable Association ဟာ ဟဂ်ျဘုရားဖူးတွေ အိပ်စက်အနားယူနိုင်ဖို့အတွက် လာမယ့် ရက်အနည်းငယ်အတွင်းမှာ စမတ်အိပ်စင် ၁၈ ခုကနေ ၂၄ ခုအထိ စီစဉ်ပေးသွားဖို့ ရှိနေပါတယ်။

ဖိုက်ဘာမှန်သားနဲ့ ပြုလုပ်ထားတဲ့ အိပ်ခန်းငယ် တစ်ခုချင်းစီဟာ ၃ မီတာရှည်ကာ တစ်မီတာမြင့်ပြီး၊ မွေ့ယာ၊ အိပ်ယာခင်း၊ လေးအေးပေးစက်နဲ့ ညအိပ်မီးတွေ ပါဝင်မှာဖြစ်ပါတယ်။

အိပ်ခန်းငယ်လေးတွေကို အသုံးပြုချိန်မှာ အလျားလိုက် ချထားနိုင်ပြီး အသုံးမပြုတဲ့အခါ ဒေါင်လိုင် သိမ်းဆည်းထားနိုင်ပါတယ်။

“ဟဂျင်ကျင့်စဉ်အတွင်း ဘုရားဖူးတွေ သက်တောင့်သက်သာဖြစ်အောင် ဘယ်လို စီစဉ်ပေးရမလဲဆိုတာကို ကျွန်တော်တို့ အမြဲတမ်း စဉ်းစားနေတာပါ” လို့ အေမာရ်က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

မျှဝေအသုံးပြုမှုစနစ်

ဒီအိပ်ခန်းငယ်လေးတွေဟာ ဟဂ်ျကျင့်စဉ်အတွင်း ဟိုတယ်မငှားနိုင်တဲ့ ဘုရားဖူးတွေ အနားယူဖို့မလွယ်တဲ့ ပြဿနာအတွက် အဖြေလည်း ဖြစ်ပါတယ်။

ဘုရားဖူးတစ်ယောက်ဟာ ဒီအိပ်ခန်းငယ်လေးတွေမှာ ၃ နာရီလောက် အိပ်စက် အနားယူနိုင်မှာ ဖြစ်ပါတယ်။ အိပ်ခန်းငယ်လေးတွေကို ဂျပန်ကတင်သွင်းတာဖြစ်ပြီး တစ်ခုကို ကန် ၁၁၁၄ ဒေါ်လာလောက် ကျသင့်ပါတယ်။

အသုံးပြုသူက ဘုရားဝတ်ပြုဖို့အတွက် ထသွားမယ်ဆိုရင် ဟဂ်ျဝန်ထမ်းတွေက ဒီအိပ်ခန်းတွေကို သန့်ရှင်းရေးလုပ်ကာ အခြားတစ်ဦး အသုံးပြုဖို့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။

“ဒီဟာကို အသုံးပြုဖို့ စိတ်ကူးဟာ ကမ္ဘာတစ်ဝှမ်းမှာ ရှိနေပြီး ဂျပန်နဲ့ ကမ္ဘာ့အခြားမြို့ကြီးတွေမှာ သုံးနေကြပါတယ်။ ကျွန်တော်ဆီက လူများလွန်းတဲ့ မြင့်မြတ်ရာနေရာတွေနဲ့ မက္ကာအတွက် ဒီဟာလေးတွေက တော်တော်လေး အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်” လို့ အေမာရ်က ပြောပါတယ်။

ဆော်ဒီအာရေဗျအနောက်ပိုင်း မက္ကာနဲ့ မီနာမြို့တို့က မြင့်မြတ်ရာနေရာတွေမှာ အဓိကဆောင်ရွက်ရတဲ့ ဟဂ်ျကျင့်စဉ်မှာ ဒီအိပ်ခန်းငယ်လေးတွေအပြင် ကား၊ မော်တော်ဆိုင်ကယ်နဲ့ စက်ဘီးတွေကို မျှဝေအသုံးပြုတဲ့စနစ်ဟာလည်း လူကြိုက်များလာပါတယ်။

“ဒီအိပ်ခန်းငယ်လေးတွေဟာ စက်ဘီးကို တစ်နာရီငှားစီးပြီး၊ အချိန်ပြည့်ရင် နောက်တစ်ယောက်အတွက် ထားခဲ့ရတဲ့ မျှဝေအသုံးပြုမှု စနစ်လိုပါပဲ” လို့ အေမာရ်က ပြောပါတယ်။

အခုနှစ်အစောပိုင်းမှာ စမတ်အိပ်စဉ် ၁၂ ခုကို စမ်းသပ်အသုံးပြုမှုဟာ အောင်မြင်ခဲ့ပြီး၊ ရမ်ဇာန်ဥပုသ်လမှာ အဲဒီအိပ်ခန်းငယ်လေးတွေကို တစ်နေ့ အယောက် ၆၀ လောက်အသုံးပြုခဲ့ကြတယ်လို့လည်း အေမာရ်က ဆိုပါတယ်။

ကမ္ဘာတစ်ဝှမ်းက ဘုရားဖူးခရီးသည်ပေါင်း ၂ သန်းလောက်ကို လက်ခံနေရာချထားပေးရာမှာ ဆော်ဒီအစိုးရဟာ အခုအနောက်ပိုင်း နောက်ဆုံးပေါ် နည်းစနစ်တွေကို အသုံးပြုလာခဲ့ပါတယ်။

Ref: CNA

Comments are closed.