6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၃၊ ၂၀၁၈
M-Media

Photo Credit – ဧရာဝတီ

– မန္တလေးမြို့ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး မြို့ခံပြည်သူတွေ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားမှုကို အာဏာပိုင်တွေထံက အချိန်မီ ခွင့်ပြုချက်မရတဲ့အတွက် ရွှေ့ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေးအခြေစိုက် လူထုအခြေပြုအဖွဲ့တွေနဲ့ မြို့မိမြို့ဖတွေက စီစဉ်တဲ့ တွေ့ဆုံပွဲကို ဒီကနေ့မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပြီး မြို့လုံခြုံရေးအတွက် ပြည်သူတွေက ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်မလဲဆိုတာကို ဆွေးနွေးကြမှာပါ။

“ဒေသခံအာဏာပိုင်တွေက ခွင့်ပြုချက်တင်ဖို့ ပြောတာကြောင့် ကျွန်တော်တို့ ခွင့်ပြုချက်တင်တယ်။ ဒါပေမယ့် အစည်းအဝေးလုပ်ဖို့ ခွင့်ပြုလားဆိုတဲ့ အကြောင်းပြန်ချက် မရတဲ့အတွက် အစီအစဉ်ကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်” လို့ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ဦးတင်ကိုကိုဦးက ပြောကြားခဲ့ပါတယ်။

ခွင့်ပြုချက်ကို အင်္ဂါနေ့က ချမ်းအေးသာဇံမြို့နယ် အုပ်ချုပ်ရေးရုံး၊ ခရိုက်အုပ်ချုပ်ရေးရုံးနဲ့ တိုင်းဒေသကြီး အုပ်ချုပ်ရေးရုံးတို့ကို တင်တာဖြစ်ပြီး အာဏာပိုင်တွေဆီက အကြောင်းပြန်ချက် မရသေးဘူးလို့ တွေ့ဆုံပွဲ စီစဉ်သူတွေက ဆိုပါတယ်။

“အာဏာပိုင်တွေက ခွင့်ပြုချက်တင်ခိုင်းတာကြောင့်၊ သူတို့နဲ့ ထိပ်တာတွေ့တာမျိုး မဖြစ်လိုတဲ့အတွက် ခွင့်ပြုချက်မရရင် တွေ့ဆုံပွဲ မလုပ်ပါဘူး။ ခွင့်ပြုချက်ရတဲ့အထိ တွေ့ဆုံပွဲကို ရွှေ့ဆိုင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ဦးတင်ကိုကိုဦက ထပ်လောင်းပြောကြားခဲ့ပါတယ်။

မန္တလေးမြို့မှာ အထူးသဖြင် ညနေပိုင်းနဲ့ ညပိုင်းတွေမှာ ရာဇ၀တ်မှု၊ လုယက်မှုတွေ မြင့်တက်လာတာကြောင့် ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေဟာ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ပေါ်နေပါတယ်။

ဦးတင်ကိုကိုဦးကတော့ တွေ့ဆုံပွဲရဲ့ ရည်ရွယ်ချက်ဟာ ပြည်သူတွအနေနဲ့ ရာဇ၀တ်မှုတစ်ခုကို ကိုယ်တွေ့ကြုံလာရတဲ့အခါ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ထိခိုက်ခံစားရသူတွေကို ကူညီပေးနိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းမှုကို ဆောင်ရွက်နိုင်ရေး အသိပညာပေးဖို့အတွက် ဆွေးနွေးပွဲကို စီစဉ်တာဖြစ်တယ်လို့ ပြောပါတယ်။

Ref: Irrawaddy

Tags:

Comments are closed.