6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၈၊ ၂၀၁၈
M-Media

– ထိန်းသိမ်းထားတဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) အကြီးအကဲ မန်ဟွန်ဝေကို လာဘ်ယူမှုနဲ့ ပတ်သက်ပြီး စစ်ဆေးနေတယ်လို့ တရုတ်အာဏာပိုင်တွေက
ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

မန်ဟွန်ဝေဟာ ပြင်သစ်နိုင်ငံ အင်တာပိုရုံးချုပ်ကနေ တရုတ်နိုင်ငံကို ပြန်သွားစဉ် စက်တင်ဘာလနှောင်းပိုင်းမှာ ပျောက်ဆုံးသွားတာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်မှာ တရုတ်အာဏာပိုင်တွေက သူတို့ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ မန်ဟွန်ဝေဟာ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ ဒုတိယအကြီးအကဲလည်း ဖြစ်ပါတယ်။

ဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ စုံစမ်းစစ်ဆေးမှုကို မှန်မှန်ကန်ကန် ပြုလုပ်နေတာဖြစ်ပြီး သမ္မတရှီကျင့်ဖျင်အစိုးရက ခြစားမှုတိုက်ဖျက်ရေး ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာကို ပြသမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အင်တာပိုက သူတို့အနေနဲ့ မန်ဟွန်ဝေထံကနေ နှုတ်ထွက်စာကို ရရှိခဲ့ပြီး ဒုတိယဥက္ကဌ တောင်ကိုရီးယားနိုင်ငံသား ကင်ဂျွန်ယန်ကို ယာယီဥက္ကဌအဖြစ် ခန့်အပ်ထားကြောင်း မနေ့က ကြေငြာခဲ့ပါတယ်။

မန်ဟွန်ဝေ ပျောက်ဆုံးမှုကိစ္စကို ပြင်သစ်ကလည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီး ဇနီးဖြစ်သူ ဂရေ့စ်မန်ကို ရဲတပ်ဖွဲ့အစောင့်အရှောက် ပေးထားပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း တရုတ်နိုင်ငံမှာ အစိုးရတာဝန်ရှိသူတွေ၊ ဘီလီယံနာတွေနဲ့ ထိပ်တန်းမင်းသမီးတစ်ဦး ပျောက်ဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

ဇူလိုင်လမှာ ပျောက်ဆုံးသွားတဲ့ မင်းသမီး ဖန်ဘင်ဘင်းဟာ နောက်ပိုင်းမှာ ပြန်ပေါ်လာကာ ပြည်သူလူထုကို တောင်းပန်ခဲ့ပြီး အခွန်ရှောင်မှု အခြားသောပြစ်မှုတွေအတွက် ယွမ် ၈၈၃ သန်း (ကန် ၁၂၉ သန်း) ဒဏ်ငွေဆောင်ခဲ့ရပါတယ်။

Ref: BBC

Tags:

Comments are closed.