6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၇၊ ၂၀၁၈
M-Media

တိုက်ခိုက်မှုမြင်ကွင်း

– မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ဆင်ခြေဖုံးမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုကို အိမ်ခြံမြေကုမ္ပဏီက ဖယ်ရှားဖို့ ကြိုးစားမှုကို မကျေနပ်တဲ့အတွက်
ဟိန္ဒူဘာသာဝင်တွေဟာ တနင်္လာနေ့မှာ အကြီးအကျယ်ဆန္ဒပြခဲ့ကြပြီး ရုန်းရင်းဆန်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ဆူဘန်ဂျာယာမြို့က နှစ် ၁၀၀ သက်တမ်းရှိတဲ့ Sri Maha Mariamman ဘုရားကျောင်းနားမှာ မနေ့က ထောင်နဲ့ချီတဲ့ဟိန္ဒူဘာသာဝင်တွေ စုရုံးခဲ့ကြပြီး ဘုရားကျောင်းဖယ်ရှားဖို့ စီစဉ်မှုကို မကျေနပ်ကြောင်း ဆန္ဒပြရာမှာ အခြားအုပ်စုတစ်ခုက ဆန္ဒပြလူအုပ်ကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဆူပူမှုတွေ ဖြစ်လာတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ အနီးအနားမှာရှိတဲ့ One City ဈေးဝယ်စင်တာကိုတိုက်ခိုက်တာ၊ ကားမီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

မီးငြှိမ်းဖို့ရောက်လာတဲ့ မီးသတ်ကားလည်း တိုက်ခိုက်ခံရပြီး မီးသတ်သမားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် ဈေးဝယ်စင်တာရဲ့ အစိတ်အပိုင်းတစ်ချို့ ထိခိုက်ပျက်ဆီးခဲ့ပြီး၊ သတင်းသွားယူတဲ့ မီဒီယာသမားတစ်ဦး၊ အခြေအနေကို ထိန်းသိမ်းဖို့ကြိုးစားတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။

ဘုရားကျောင်းဆောက်ထားတဲ့မြေအပါအ၀င် ပတ်ဝန်းကျင်က မြေယာတော်တော်များများကို ဆီလန်ဂေါပြည်နယ်အစိုးရဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက One City Development ကုမ္ပဏီကို ရောင်းချခဲ့တာပါ။ ဘုရားကျောင်းအတွက် ပြည်နယ်အစိုးရက နေရာသစ်တစ်ခုပေးခဲ့သလို၊ One City Development ကုမ္ပဏီကလည်း ရင်းဂစ် ၁.၅ သန်း (ကန်ဒေါ်လာ ၃၅၇၀၀၀) ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

ရဲတပ်ဖွဲ့က အဖျက်မှောင့်လုပ်ငန်းတွေမှာပါဝင်သူ ၂၁ ဦးကို ဖမ်းဆီးခဲ့ပြီး ဆီလန်ဂေါပြည်နယ်ရဲတပ်ဖွဲ့ ထောက်လှမ်းရေးအကြီးအကဲ မိုဟာမက် ဖူဇီ ဟာရွန်က ဆူပူမှုဖြစ်အောင် ကြိုးကိုင်တဲ့သူတွေကို ဖော်ထုတ်နိုင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူတွေဆီကနေ ဓားရှည်တွေ၊ တုတ်တွေ စတဲ့ လက်နက်တွေကိုလည်း သိမ်းဆည်းခဲ့ပါတယ်။

မလေးရှား ဒုတိယပြည်ထဲရေးဝန်ကြီး မိုဟာမက် အဇစ် ဂျန်မန်က ဒီပြဿနာဟာ အိမ်ခြံမြေကုမ္ပဏီနဲ့ ဘုရားကျောင်းကြားက ပြဿနာဖြစ်ပြီး လူမျိုးရေး၊ ဘာသာရေးနဲ့ မပတ်သက်ဘူးလို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ဘုရားကျောင်းတစ်ဝိုက် တပ်ဖွဲ့ဝင် ၇၀၀ လောက်ချထားပြီး အခြေအနေကို ထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဟိန္ဒူဘာသာဝင်တွေဟာ ဗုဒ္ဓဟူးနေ့မှာ ဆန္ဒထပ်ပြဖို့ စီစဉ်ထားကြပါတယ်။

Ref: CNA

Tags:

Comments are closed.