6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉
M-Media

– အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ၀ယ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေကို ဆော်ဒီအစိုးရက ငြင်းဆိုလိုက်ပြီး စပွန်ဆာပေးဖို့ကိစ္စကိုသာ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

ဗြိတိန်သတင်းစာတစ်စောင်ဖြစ်တဲ့ The Sun က ဘင် ဆလ်မန်ဟာ မန်ယူကို ကန်ဒေါ်လာ ၄ ဘီလီယံနဲ့ ၀ယ်ယူတော့မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်နှောင်းပိုင်းမှာ
ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဆော်ဒီပြန်ကြားရေးဝန်ကြီး တာရ်ကီ အလ်-ရှာဘာနာက ဒီသတင်းကို ငြင်းဆိုခဲ့ပါတယ်။

“အိမ်ရှေ့စံကိုယ်တော်လေး မိုဟာမက် ဘင် ဆလ်မန်က မန်ယူကိုဝယ်ဖို့ ဆန္ဒရှိနေတယ်ဆိုတဲ့ သတင်းတွေဟာ လုံးဝ မှားယွင်းပါတယ်” လို့ ၀န်ကြီးက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မန်ယူအသင်းဟာ ဆော်ဒီအစိုးရ ရန်ပုံငွေအဖွဲ့နဲ့ တွေ့ဆုံခဲ့ကာ စပွန်ဆာကိစ္စ ဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက် မရသေးဘူးလို့လည်း အလ်-ရှာဘာနာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ မန်ယူဖက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မထုတ်ပြန်သေးပါဘူး။

မန်ယူအသင်းကို အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ဂလေဇာမိသားစုက ၂၀၀၃ ခုနှစ် အမေရိကန်ဒေါ်လာ သန်း ၇၉၀ နဲ့ ၀ယ်ယူခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးကလပ်အသင်းဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းကို ယူအေအီးတော်ဝင်မိသားစုက ၀ယ်ယူကာ ကမ္ဘာ့အကောင်းဆုံးကလပ်ဖြစ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တာကြောင့် အသားတင်ကြွယ်ဝမှု ကန်ဒေါ်လာ ဘီလီယံ ၈၅၀ ရှိနေတဲ့ ဆော်ဒီတော်ဝင်မိသားစုကလည်း ဒီလိုဆောင်ရွက်ဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေ ထွက်နေတာပါ။

ဆော်ဒီဟာ စီးပွားရေး ရေနံအပေါ် အလွန်အမင်းမှီခိုနေရမှုကို လျှောချဖို့အတွက် ၂၀၃၀ စီမံကိန်းကို ချမှတ်ကာ အခြား စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

Ref: Aljazeera

Comments are closed.