6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉
M-Media

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

– ကမ္ဘာတစ်ဝှမ်းမှာ ခရစ်ယာန် ကက်သလစ်ဘုန်းကြီးတွေက ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ကိစ္စကို ဖြေရှင်းဖို့အတွက် ဗာတီကန်မှာ ထိပ်သီးအစည်းအဝေးတစ်ခုကို ကျင်းပဖို့ရှိပါတယ်။

ကြာသာပတေးနေ့ကနေ တနင်္ဂနွေနေ့အထိ ကြာမြင့်မယ့် အဲဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီး ၁၉၀ လောက်ကို ဖိတ်ခေါ်ထားပါတယ်။ ကလေးငယ်တွေ လိင်စော်ကားခံရမှု ကိစ္စအတွက် ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေကို ဖိတ်ခေါ်ပြီး ပြုလုပ်မယ့် ဒီအစည်းအဝေးဟာ ခရစ်ယာန် ကက်သလစ်သာသနာသမိုင်းမှာ ပထမဆုံးလည်း ဖြစ်ပါတယ်။

ကက်သလစ်ဘုန်းကြီးအချို့က ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ကက်သလစ်ခေါင်းဆောင်ပိုင်းက ဒါတွေကို ဖုံးကွယ်ပေးထားမှု အကြောင်းတွေကို ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အစိုးရအာဏာပိုင်တွေနဲ့ ဂျာနယ်လစ်တွေက ဖော်ထုတ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ဟာ ဒီကိစ္စတွေ လူသိရှင်ကြား ပေါ်ထွက်လာမှု အများဆုံးနှစ်ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အပါအ၀င် ကက်သလစ်အသင်းတော် ခေါင်းဆောင်ပိုင်းလည်း ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

၎ ရက် ကြာမြင့်မယ့် အစည်းအဝေးရဲ့ ရည်ရွယ်ချက်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိစ္စကို ဂိုဏ်းအုပ်ဘုန်းကြီးတွေက တားဆီး ကိုင်တွယ်နိုင်ရေး နည်းလမ်းရှာဖို့ ဖြစ်တယ်လို့ ဗာတီကန်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒီပြဿနာတွေကို ကိုင်တွယ်နိုင်ဖို့ ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေကို အသိပညာပေးရေး၊ အသင်းတော်အတွင်း ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိရေး စတာတွေကို ဆွေးနွေးမှာဖြစ်ပြီး ကက်သလစ်အသင်းတော် စည်းမျဉ်း ဥပဒေတွေကိုတော့ ပြုပြင်ပြောင်းလဲဖို့ မရှိဘူးလို့ ဆိုပါတယ်။

အစည်းအဝေးဟာ သိပ်အရေးပါမှာ မဟုတ်ဘူးလို့ ပြောကြားမှုတွေ ရှိနေပေမယ့် ကြိုဆိုသူတွေလည်း ရှိနေပါတယ်။

“ကျူးလွန်ခံရပြီး ၂၅ နှစ်လောက် ငြိမ်နေရတဲ့ ကျွန်တော့်လို လူမျိုးတွေအတွက် ဒါဟာ မယုံနိုင်စရာ အောင်မြင်မှုပါပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းကဆိုရင် ဒါမျိုးက စဉ်းစားလို့တောင် မရပါဘူး” လို့ Ending Clergy Abuse (ECA) Global အဖွဲ့ကို တည်ထောင်ထားသူ ပီတာ အိုင်စလီက ပြောကြားခဲ့ပါတယ်။

Ref: Aljazeera

Tags:

Comments are closed.