6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၇၊ ၂၀၁၉
M-Media

ကာဒီနယ် ဖိလစ်ပီ ဘာဘာရီယံ

– ကသလစ်ဘုန်းတော်ကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ဖုံးကွယ်ပေးတဲ့အတွက် ပြင်သစ် ခရစ်ယာန်ကက်သလစ် သာသနာ အကြီးအကဲ ကာဒီနယ် ဖိလစ်ပီ ဘာဘာရီယံမှာ အပြစ်ရှိတယ်လို့ တရားရုံးက ဒီကနေ့မှာ ဆုံးဖြတ်ခဲ့ပြီး ဆိုင်းငံ့ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

၂၀၁၄ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း သိက္ခာတော်ရဆရာတော် ဘားနဒ် ပရီနတ်က ကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ကာဒီနယ် ဖိလစ်ပီက တိုင်ကြားဖို့ ပျက်ကွက်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

အသက် ၆၈ နှစ်အရွယ် ဆရာတော် ဘားနဒ်ဟာ ကမ္ဘာတစ်ဝှမ်း ကက်သလစ်ဘုန်းကြီးတွေရဲ့ လိင်စော်ကားမှုကိစ္စမှာ ပါဝင်နေတဲ့ ပြင်သစ် အကြီးတန်း ဘုန်းကြီးတစ်ပါးလည်း ဖြစ်ပါတယ်။

ဆိုင်းငံ့ထောင်ဒဏ်ဖြစ်တဲ့အတွက် ကာဒီနယ် ဖိလစ်ပီဟာ အမှန်တကယ် ထောင်ဒဏ်ကျခံရမှာ မဟုတ်ပါဘူး။ ရှေ့နေတွေကတော့ ပြစ်ဒဏ်အတွက် အယူခံဝင်သွားမှာဖြစ်ကြောင်း၊ တရားရုံးရဲ့ အကြောင်းပြချက်တွေက မခိုင်လုံကြောင်း ပြောကြားခဲ့ပါတယ်။

ရာထူးကနေ နှုတ်ထွက်ကြောင်း နှုတ်ထွက်စာကို လာမယ့်ရက်ပိုင်းအတွင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ထံ တင်သွင်းသွားမှာဖြစ်ကြောင်း၊ ကျူးလွန်ခံရသူတွေနဲ့ မိသားစုတွေအတွက် ဆုတောင်းပေးမှာဖြစ်ကြောင်း ကာဒီနယ်က ပြစ်ဒဏ်ချမှတ်မှုအပြီးမှာ ပြောကြားခဲ့ပါတယ်။

၁၉၈၀ ပြည့်နှစ်တွေနဲ့ ၁၉၉၀ ပြည့်နှစ်တွေက သူ့ရဲ့လက်အောက်မှာရှိတဲ့ ဘုန်းကြီးတစ်ပါးရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို ရဲတပ်ဖွဲ့ထံ တိုင်ကြားဖို့ ဖိလစ်ပီက ပျက်ကွက်ခဲ့တယ်လို့ ကျူးလွန်ခံရသူတွေက စွပ်စွဲပြောကြားမှုတွေ ရှိပေမယ့် အစိုးရရှေ့နေတွေက ဒီအမှုဟာ သိပ်ကြာနေပြီဖြစ်တဲ့အတွက် တရားစွဲလို အဆင်မပြေနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ကက်သလစ်ဘုန်းကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကို ခံစားခဲ့ရသူများအဖွဲ့ La Parole Liberee က ဒီကနေ့ ပြစ်ဒဏ်ချမှတ်မှုဟာ ကလေးငယ်တွေအပေါ် ကာကွယ်ပေးမှု ကိစ္စမှာ အဓိက အောင်ပွဲတစ်ရပ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ခရစ်ယာန်ကက်သလစ်အသင်းတော်က ဘုန်းကြီးတွေဟာ ကလေးငယ်တွေနဲ့ သီလရှင်တွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး သြစတေးလျ၊ ဘရာဇီးလ်၊ ချီလီ၊ အိုင်ယာလန်နဲ့ အမေရိကန်ပြည်ထောင်စုတွေမှာ အစိုးရ အာဏာပိုင်တွေက ဒီကိစ္စတွေကို ဖော်ထုတ်ခဲ့ကြပါတယ်။

ဒီကိစ္စအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ပြီးခဲ့တဲ့လမှာ ကမ္ဘာတစ်ဝှမ်းက ကာဒီနယ်တွေနဲ့ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး အမြစ်ပြတ်အောင် လုပ်ဆောင်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

Ref: Aljazeera

Tags:

Comments are closed.