6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂၊ ၂၀၁၉
M-Media

ဘင် ဆလ်မန်နှင့် မဟ်မူးဒ်အဘတ်စ်

– ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့ တစ်ဖက်သတ်စီမံကိန်းကို လက်ခံဖို့အတွက် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ကို ကန်ဒေါ်လာ ၁၀ ဘီလီယံနဲ့ ကမ်းလှမ်းခဲ့တယ်လို့ လက်ဘနွန်သတင်းစာ Al-Akhbar က အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။

ထရမ့်အစိုးရဟာ ပါလက်စတိုင်း-အစ္စရေး ပြဿနာကို ဖြေရှင်းနိုင်မယ့် အစီအစဉ်တစ်ခုကို ထုတ်ပြဖို့ရှိနေပြီး ဒါကို ‘ရာစုနှစ်အတွင်း အကောင်းဆုံး အဆိုပြုချက်’ လို့ အမည်ပေးထားပါတယ်။ ဒီအဆိုပြုချက်မှာ ပါလက်စတိုင်းကို လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်မပြုဘဲ အစ္စရေးလက်အောက်က နယ်မြေတစ်ခုအဖြစ်သာ ထားရှိဖို့ ပါဝင်မယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ရဲ့ ပြီးခဲ့တဲ့လ ဆော်ဒီခရီးစဉ်အတွင်း အမေရိကန်အစိုးရရဲ့ ဒီအဆိုပြုချက်ကို လက်ခံဖို့အတွက် ဆော်ဒီအာဏာပိုင်တွေက ကမ်းလှမ်းမှု တော်တော်များများ လုပ်ခဲ့ပြီး အဘတ်စ်ကတော့ ဒီအတွက် မကျေမနပ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဘတ်စ်ဟာ ကမ်းလှမ်းမှုတွေကို ငြင်းဆိုခဲ့ပါတယ်။

အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ တွေ့ဆုံရာမှာ ဘင် ဆလ်မန်က အခြွေအရံ အသင်းအပင်းတွေအတွက် တစ်နှစ်ကို ငွေဘယ်လောက်ကုန်လဲလို့ မေးမြန်းခဲ့ပြီး အဘတ်စ်က သူဟာ တော်ဝင်မင်းသား မဟုတ်တဲ့အတွက် အခြွေအရံတွေ မထားဘူးလို့ တုန့်ပြန်ပြောကြားခဲ့ကြောင်း Al-Akhbar သတင်းဌာနက ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

အဲဒီနောက် ဘင် ဆလ်မန်က ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နဲ့ ၀န်ကြီးတွေအတွက် တစ်နှစ်ကို ဘယ်လောက်ကုန်ကျသလဲဆိုတာ ထပ်မေးခဲ့ပြီး ကန်ဒေါ်လာ ၁ ဘီလီယံကုန်ကျတယ်လို့ အဘတ်စ်က ဖြေကြားခဲ့ပါတယ်။ ဘင် ဆလ်မန်က ထရမ့်အစိုးရရဲ့ အဆိုပြုချက်ကို လက်ခံမယ်ဆိုရင် ၁၀ နှစ်စာ ဒေါ်လာ ၁၀ ဘီလီယံ ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

အဘတ်စ်က ဒီကမ်းလမ်းမှုကို ပယ်ချခဲ့ပြီး အမေရိကန်ရဲ့ ‘ရာစုနှစ်ရဲ့ အကောင်းဆုံး အဆိုပြုချက်’ ကို လက်ခံလိုက်ရင် ‘သူ့ရဲ့ နိုင်ငံရေးဘ၀ အဆုံးသတ်’ ဖြစ်သွားမယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းဆိုင်ရာ ဂျော်ဒန်သံအမတ် ခါလစ် အလ်-ရှာဝဘ်ကဟ်က ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီးဌာနထံ အစီရင်ခံတင်ပြမှုကို ကိုးကားပြီး Al-Akhbar သတင်းစာ အခုလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကာ အမေရိကန်သံရုံး ရွှေ့ပြောင်းသွားမယ်လို့ ကြေငြာခဲ့ပါတယ်။ ပါလက်စတိုင်းတွေက အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားကာ လွတ်လပ်တဲ့နိုင်ငံတစ်ခု ထူထောင်ချင်နေတာဖြစ်ပြီး အမေရိကန်ရဲ့ ဒီဆောင်ရွက်ချက်ကို ကန့်ကွက်ခဲ့ပါတယ်။

ပါလက်စတိုင်းမ္မတ မဟ်မူးဒ်အဘတ်စ်က ပါလက်စတိုင်း-အစ္စရေး ကိစ္စမှာ အမေရိကန်ဟာ ယုံကြည်ရတဲ့ ညှိနှိုင်းဆောင်ရွက်သူ မဟုတ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

Ref: Middle East Eye

Tags:

Comments are closed.