6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂၊ ၂၀၁၉

M-Media

ဂျာမနီတွင် ပြုလုပ်ခဲ့သည့် လက်ယာအစွန်းရောက်ဝါဒ ဆန့်ကျင်မှုပုံရိပ်

– ဥရောပနိုင်ငံတွေမှာ အမျိုးသားရေးနဲ့ လက်ယာအစွန်းရောက်ဝါဒ ပေါ်ထွက်လာမှုဟာ ၁၉၃၀ ပြည့်နှစ်တွေက နာဇီတွေ အင်အားကောင်းလာမှုနဲ့ သွားတူနေတယ်လို့ ကုလရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး အထူးကိုယ်စားလှယ် အဒါမာ ဒီယန်က မနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။

“အဲဒီတုန်းက ပုံစံမျိုး လူသားတွေကို ပြုမူဆက်ဆံတာကို ကျွန်တော်တို့ ထပ်ပြီး ခွင့်ပြုလို့ မရတော့ပါဘူး။ ၁၉၃၀ ပြည့်နှစ်တွေက  လက္ခဏာတွေကို ပြန်လည် မြင်နေရပါပြီ။ ကျွန်တော်တို့ မျက်လုံးကန်းနေတာမျို၊ အသိဉာဏ် ကန်းနေတာမျိုး မဟုတ်ဘူးဆိုရင်တော့ ဒီကိစ္စကို ဆန့်ကျင်ဖို့၊ ထုတ်ဖော်ပြောဆိုဖို့ အချိတန်ပါပြီ” လို့ မနေ့က ဂျီနီဗာမှာပြုလုပ်တဲ့ သတင်းရှင်းလင်းပွဲမှာ ဒီယန်က ပြောကြားခဲ့ပါတယ်။

ဥရောပမှာ နိုင်ငံခြားသားကြောက်ရောဂါ ပြန်ပေါ်လာတာကို ထိထိရောက်ရောက် ဆန့်ကျင်ဖို့ ဒီယန်က လစ်ဘရယ်သမားတွေကို တိုက်တွန်းခဲ့ပါတယ်။ ပြောင်းရွှေ့အခြေချသူတွေ အုံလိုက်ကျင်းလိုက် ၀င်ရောက်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကနေစလို့ ဥရောပမှာ လက်ယာစွန်းဝါဒ အားကောင်းခဲ့ပြီး လူပြိန်းကြိုက် လက်ယာအစွန်းရောက်တွေဟာ လွှတ်တော်ထဲ ၀င်နိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

အင်အားကြီးနိုင်ငံတစ်ချို့ နိုင်ငံတကာ သဘောတူညီချက်တွေကနေ နှုတ်ထွက်မှု၊ ဟန်ဂေရီနဲ့ အီတလီက ပြောင်းရွှေ့အခြေချမှုဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေရဲ့ ပြောဆိုမှုတွေကိုလည်း ဒီယန်က ဝေဖန်ခဲ့ပြီး လက်ဝဲသမားတွေဟာ လက်ယာစွန်းရောက်ဝါဒ တိုက်ဖျက်ရေးထက် နိုင်ငံရေးကစားမှုကိုသာ ပိုမို လုပ်ဆောင်နေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ် ဟာဆီနာနဲ့ နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါ အာရ်ဒန်တို့လို အမျိုးသမီးခေါင်းဆောင်တွေကို ကုလအထူးကိုယ်စားလှယ်က ချီးကျူးခဲ့ပြီး သူတို့တွေဟာ နိုင်ငံရေးအရ တိုက်ခိုက်ခံရနိုင်မှု ရှိပေမယ့် ပြောင်းရွှေ့အခြေချသူတွေ၊ တိုင်းရင်းသားလူနည်းစုတွေဖက်က ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။

၁၉၉၀ ပြည့်နှစ်တွေက တိဘက်ကို ကျူးကျော်သိမ်းပိုက်ကာ တိဘက်လူမျိုးတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအပေါ် တရုတ်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ဒီယန်ဟာ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

လက်ရှိ ရှင်ကျန်းပြည်နယ်မှာ ၀ီဂါမွတ်စလင်တွေအပေါ် တရုတ်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ၀ီဂါတစ်သန်းလောက်ကို တရုတ်က ဖမ်းဆီးထိးန်သိမ်းထားမှုတွေနဲ့ပတ်သက်ပြီး မနေ့က သတင်းထောက်တွေ မေးမြန်းရာမှာ ဒီယန်က ဒီကိစ္စကို စုံစမ်းစစ်ဆေးရေးအတွက် တရုတ်က သူ့ကို ပြည်ဝင်ခွင့်ပေးမယ်လို့ မျှော်လင့်ကြောင်း
ပြန်လည်ဖြေကြားခဲ့ပါတယ်။

Ref : Aljazeera

Tags: ,

Comments are closed.