6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၁၊ ၂၀၁၉
M-Media

ကာရှိုဂျီ (ဝဲ) နှင့် ဘင် ဆလ်မန် (ယာ)

-ပြီးခဲ့တဲ့နှစ်မှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ ဆော်ဒီဂျာနယ်လစ် ကာရှိုဂျီ အသတ်ခံရမှုကို ၆ လကြာ စုံစမ်းစစ်ဆေးမှု ပြီးတဲ့နောက် ကုလက အခုသီတင်းပတ်အစောပိုင်းမှာ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဝါရှင်တန်ပို့စ်က ဂျာနယ်လစ်ဖြစ်ပြီး ဆော်ဒီအစိုးရကို ဝေဖန်လေ့ရှိတဲ့ ကာရှိုဂျီဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ၀င်သွားပြီးတဲ့နောက် ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ကာရှိုဂျီဟာ ကောင်စစ်ဝန်ရုံးထဲမှာ အသတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းတွေ နောက်ပိုင်းမှာ ထွက်လာခဲ့ပြီး ဒီသတ်ဖြတ်မှုကို ဆော်ဒီအစိုးရက တိုက်ရိုက် ခိုင်းစေတာဆိုတဲ့ ပြောကြားမှုတွေလည်း ရှိခဲ့ပါတယ်။

ကုလအထူးကိုယ်စားလှယ် အဂ်နက်စ် ကာလာမာ့ဒ် ဒီတစ်ပတ်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကာရှိုဂျီ အသတ်ခံလိုက်ရတဲ့ကိစ္စကို အသေးစိတ်ဖော်ပြထားပါတယ်။ အဲဒီအစီရင်ခံစာထဲက အရေးပါတဲ့ အချက် ၁၀ ချက်ကို ဖော်ပြလိုက်ပါတယ်။

၁။ ဘင် ဆလ်မန်မှာ တာဝန်မကင်း

ကာရှိုဂျီကို သတ်ဖြတ်ဖို့အတွက် ဆော်ဒီအစိုးရ အာဏာပိုင်တွေဟာ စနစ်တကျ စီစဉ်ခဲ့တယ်လို့ ကုလရဲ့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ ဥပဒေတွေအရ ဘင် ဆလ်မန် ဦးဆောင်တဲ့ ဆော်ဒီ တော်ဝင်မိသားစုမှာ လုံးဝ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ ရာဇ၀တ်မှုတစ်ခုအတွက် တာဝန်ရှိသူအဖြစ် သတ်မှတ်ရမယ့် အချက်တွေအားလုံးနဲ့ ညီညွတ်နေပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက ဆက်လက်စုံစမ်းစစ်ဆေးနိုင်ရေး လုံလောက်တဲ့ အထောက်အထားတွေလည်း ရှိနေတယ်လို့ ကုလက ပြောကြားခဲ့ပါတယ်။

၂။ ကာရှိုဂျီကို ဆော်ဒီအာဏာပိုင်တွေက လိမ်လည်ခဲ့မှု

၂၀၁၈ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့ အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ကာရှိုဂျီ ၀င်သွားတဲ့အခါမှာ တာဝန်ရှိသူတွေက နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol ဟာ သူ့ကို ဆော်ဒီပြန်ပို့ဖို အမိန့်ပေးထားကြောင်း ကာရှိုဂျီကို လိမ်လည်ပြောကြားခဲ့ပါတယ်။ ကာရှိုဂျီက Interpol ကနေ ဒီလိုအမိန့်မျိုး ထုတ်ပြန်ထားမှု မရှိဘူးလို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။ ပျောက်ဆုံးမှုမှာ သံသယနည်းစေဖို့အတွက် ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတွေက သားဖြစ်သူကို စာတိုပို့ဖို့ မသတ်ခင်မှာ ကာရှိုဂျီကို ခြိမ်းခြောက် ခိုင်းစေခဲ့ပါသေးတယ်။

၃။ မေ့ဆေးပေး အသတ်ခံရခြင်း

သားဖြစ်သူထံ စာတိုပေးပို့ရေး အခြေအတင်ဖြစ်ခဲ့ပြီးတဲ့နောက် ကာရှိုဂျီဟာ အခြေအနေမဟန်တော့တာကို ရိပ်မိခဲ့ပါတယ်။ “ဟိုမှာ အ၀တ်တစ်ခု။ ခင်ဗျားတို့ ကျုပ်ကို ဆေးခပ်မလို့လား” လို့ ကာရှိုဂျီက မေးမြန်းခဲ့ပြီး၊ တာဝန်ရှိသူတွေက “မင်းကို မေ့ဆေးပေးမှာ” လို့ ပြန်ဖြေ ခဲ့ပါတယ်။
ဒီစကားအပြီးမှာတော့ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အသံတွေကို ကြားရတယ်လို့ ကုလရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ “သူမေ့သွားပြီလား” “ခေါင်းပြန်ထောင်လာတယ်” “ဖိထား။ ဒီနေရာကိုဖိထား၊ လက်ကို မလွှတ်လိုက်နဲ့နော် ဖိထား” လို့ ကောင်စစ်ဝန်ရုံး ၀န်ထမ်းတွေရဲ့ ပြောကြားမှုကို အသံမှတ်တမ်းမှာ ကြားရပြီး တူရကီထောက်လှမ်းရေးတာဝန်ရှိသူတွေက ဒီအသံတွေဟာ ကာရှိုဂျီကို ပလက်စတစ်အိတ် ခေါင်းစွပ်ပြီး အသက်ရှုကြပ်သေအောင် လုပ်ခဲ့တယ်ဆိုတာ ဖော်ပြနေတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

၎။ အပိုင်းပိုင်းတစ်ဖို့ အစကတည်းက စီစဉ်ထား

ကာရှိုဂျီကို သတ်ဖြတ်ပြီး အပိုင်းပိုင်းခုတ်ထစ်ဖို့ ကိစ္စကို သတ်ဖြတ်မှုမှာ ပါဝင်သူ နှစ်ဦးက ကာရှိုဂျီ ရောက်မလာခင်လေးတင်မှာ ဆွေးနွေးတာကိုလည်း အသံမှတ်တမ်းမှာ ကြားခဲ့ရပါတယ်။ အလောင်းကို အိတ်ထဲထည့်ရင် အရမ်းလေးနေလိမ့်မယ်လို့ တစ်ယောက်က မေးမြန်းတဲ့အခါ နောက်တစ်ယောက်က အပိုင်းပိုင်းတစ်ကာ ပလက်စတစ်အိတ်ထဲ ထည့်မှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ အဲဒီ အပြန်အလှန်ပြောဆိုမှုအတွင်း ကာရှိုဂျီကို ‘သားကောင်’ လို့လည်း သုံးနှုန်းခဲ့ပါတယ်။

၅။ သတ်ဖြတ်မှုကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်ခဲ့

သတ်ဖြတ်မှုလုပ်မယ့်ရက် မတိုင်ခင် တစ်ရက်အလို အောက်တိုဘာ ၁ ရက်နေ့မှာ ဒီကိစ္စအတွက် အသေးစိတ် အချက်အလက်တွေကို ကောင်စစ်ဝန်ရုံး တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ကြပါတယ်။ အောက်တိုဘာ ၂ ရက်နေ့မှာ ဆော်ဒီက ကိုယ်စားလှယ်အဖွဲ့တစ်ခု လာရောက်ပြီး လုပ်ငန်းတစ်ခု လုပ်မှာဖြစ်ကြောင်း၊ ဒီအဖွဲ့ကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်အာဏာ ပေးထားကြောင်း
ဆွေးနွေးခဲ့ကြပါတယ်။ မျက်မြင်သက်တွေရဲ့ အဆိုအရ သတ်ဖြတ်မယ့်နေ့မှာ ဆော်ဒီနိုင်ငံသားမဟုတ်တဲ့ ၀န်ထမ်းတွေ ရုံးမလာဖို့၊ လာရင်လည်း နေ့လည်ပိုင်းမှာ အိမ်ပြန်ဖို့ ကောင်စစ်ဝန်က ညွှန်ကြားခဲ့သလို၊ အထူးဧည့်သည်တော်တွေ လာမှာဖြစ်တဲ့အတွက် ရုံးခန်းထဲကနေ အပြင်ကိုမထွက်ဖို့လည်း အခြားဝန်ထမ်းတွေကို မှာကြားခဲ့ပါတယ်။

၆။ သတ်ဖြတ်မယ့် အစီအစဉ်ကို စက်တင်ဘာ ၂၈ ရက်နေ့မှာ ဆွဲခဲ့

အိမ်ထောင်ကွာရှင်းထားကြောင်း ထောက်ခံစာရဖို့အတွက် ကာရှိုဂျီဟာ စက်တင်ဘာ ၂၈ ရက်နေ့က အစ္စတန်ဘူလ် ကောင်စစ်ဝန်ရုံးကို လာရောက်ခဲ့ပါတယ်။ အဲဒီနေ့ညပိုင်းမှာ ဆော်ဒီကောင်စစ်ဝန် မိုဟာမက် အလ်-အိုတိုင်ဘီက အမည်မသိ လူတစ်ယောက်ကို ဖုန်းခေါ်ခဲ့ပြီး “နိုင်ငံတော် လုံခြုံရေး အကြီးအကဲက သူ့ကို ဖုန်းခေါ်ထားပြီး အထူးတာဝန်တစ်ခုပေးထားတယ်” လို့
ပြောကြားခဲ့ပါတယ်။

ဖုန်းဆက်ပြီး တစ်နာရီလောက်အကြာမှာတော့ အိုတိုင်ဘီဟာ ကောင်စစ်ဝန်ရုံးက ၀န်ထမ်းတစ်ဦးကို ခေါ်ပြီး ရီယာ့ဒ်က ဖုန်းခေါ်ကာ အမြန်လေ့ကျင့်ရေးတစ်ခု လုပ်ဆောင်ဖို့ အမိန့်ပေးထားကြောင်း၊ ဒီကိစ္စဟာ လျှို့ဝှက်ကိစ္စ ဖြစ်တဲ့အတွက် အခြားဝန်ထမ်းတွေကို အသိမပေးထားကြောင်း ပြောကြားခဲ့ပါတယ်။

၇။ အမေရိကန်နှင့် တူရကီတို့ ကြိုမသိ

အမေရိကန်နဲ့ တူရကီတို့ဟာ နိုင်ငံတကာ ဥပဒေတွေအရေ ကာရှိုဂျီကို ကာကွယ်ပေးဖို့အတွက် တာဝန်ရှိတယ်လို့ ကုလရဲ့ အစီရင်ခံစာမှာ ထပ်တလဲလဲ ဖော်ပြထားပါတယ်။ ဆော်ဒီရဲ့ လုပ်ရပ်တွေကို အမြဲတမ်း စောင့်ကြည့်နေတဲ့ ဒီနိုင်ငံနှစ်ခုဟာ ကာရှိုဂျီကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ကုလက ပြစ်တင်ထားပါတယ်။

အခင်းဖြစ်ပွားမှုကို ဒီနှစ်နိုင်ငံစလုံးက ကြိုတင် သိရှိခြင်းမရှိခဲ့ပေမယ့် ထောက်လှမ်းရေးသတင်းအချက်အလက်တွေကို အခြေခံကာ စုံစမ်းစစ်ဆေးခဲ့သင့်တယ်လို့လည်း ကုလက ထောက်ပြထားပါတယ်။

၈။ ဆော်ဒီ၏ စစ်ဆေးမှုကို ရပ်ဆိုင်းရမည်

ကာရှိုဂျီ အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ ဆော်ဒီက ဖမ်းဆီး တရားစွဲဆိုနေမှုကို ရပ်ဆိုင်းရမှာဖြစ်ပြီး ဒီတရားစွဲဆိုမှုဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှု မရှိဘူးလို့ ကာလာမာ့ဒ်က အစီရင်ခံစာမှာ အကြံပြုထားပါတယ်။ ဖမ်းဆီးစစ်ဆေးခံရသူတွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့ ထုတ်ပြန်မှုမျိုး မလုပ်သေးတာ၊ စစ်ဆေးမှုတွေ တံခါးပိတ် လုပ်ဆောင်တာတွေကိုလည်း သူမက ထောက်ပြခဲ့ပါတယ်။

၉။ အဖွဲ့ဝင်နိုင်ငံတစ်ချို့ တရားမျှတမှုကို မျက်ကွယ်ပြု

ကြားနာမှုတွေကို လာရောက်နားထောင်ဖို့အတွက် ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတစ်ချို့ကို ဆော်ဒီက ဖတ်ကြားခဲ့ပေမယ့် ဒါပေမယ့် ကြားနာမှုတွေကို ထုတ်ဖော်မပြောဘူးဆိုတဲ့ သဘောတူညီချက်နဲ့ သွားရောက်ရတာ ဖြစ်ပါတယ်။ ကာလာမာ့ဒ်က ဒီလို သဘောတူညီခဲ့တာကြောင့် စုံစမ်းစစ်ဆေးမှုမှာ ‘ခိုင်လုံတဲ့ သတင်းအချက်အလက်’ မပေးနိုင်တော့ဘဲ ဒါဟာ တရားမျှတမှုကို မျက်ကွယ်ပြုရာရောက်တယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

၁၀။ ဘင် ဆလ်မန်ကို ပိတ်ဆို့သင့်

လက်ရှီ ဆော်ဒီအစိုးရ တာဝန်ရှိသူတွေအပေါ် နိုင်ငံတကာက ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေဟာ မလုံလောက်သေးဘဲ သတ်ဖြတ်မှုနဲ့ မပတ်သက်ပါဘူးဆိုတဲ့ အထောက်အထား မပြနိုင်မချင်း ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့အရေးယူဖို့လည်း အစီရင်ခံစာမှာ တိုက်တွန်းခဲ့ပါတယ်။

Ref: CNN

Comments are closed.