6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၀၊ ၂၀၁၉
M-Media

-ပြည်နယ်နှစ်ခုမှာ ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း ပြည်ပ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွ ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှား အာဏာပိုင်တွေက မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဆီလန်ဂေါနဲ့ ကဒါဟ် ပြည်နယ်တို့မှာ ဇွန်လ ၁၄ ရက်နေ့က ဇူလိုင်လ ၃ ရက်နေ့အတွင်း စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ၂ ဦး၊ ဖိလစ်ပိုင် တစ်ဦးနဲ့ အိန္ဒိယနိုင်ငံသားတစ်ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့တာပါ။

မလေးရှားရဲချုပ် ဒါတွတ်ဆရီ အဘ်ဒူလ် ဟာမစ် ဘဒွရ်က ဖိလစ်ပိုင်နိုင်ငံသား အသက် ၅၄ နှစ်အရွယ် အမျိုးသားကို ဇွန်လ ၁၄ ရက်နေ့က ကလန်းမြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူဟာ ဖိလစ်ပိုင်က အဘူဆယက်ဖ် အကြမ်းဖက်အဖွဲ့နဲ့ ဆက်သွယ်မှုရှိသူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆာဘားပင်လယ်ပြင်မှာ အဘူဆယက်ဖ်အဖွဲ့က ကျူးလွန်တဲ့ ပြန်ပေးဆွဲမှုတွေမှာ ဒီအမျိုးသား ပါဝင်ခဲ့ပြီး အရှေ့ဆာဘား လုံခြုံရေးဌာနချုပ် Esscom က အလိုရှိနေသူလည်းဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် အိန္ဒိယနိုင်ငံသားကို အမ်ပန်းမြို့မှာ ဇွန်လ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဓာတ်လှေကားပြုပြင်သူအဖြစ် လုပ်ကိုင်နေတဲ့သူဟာ Babbar Khalsa International (BKI) အကြမ်းဖက်အဖွဲ့ဝင်ဖြစ်ပြီး အဖွဲ့ရဲ့ အရှေ့တောင်အာရှ လုပ်ငန်းတွေအတွက် မလေးရှားရင်းဂစ် ၇၆၀၀ ထောက်ပံ့ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာ ၂ ဦးကိုတော့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA နဲ့ ဆက်သွယ်မှုရှိတဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲချုပ် အဘ်ဒူလ် ဟာမစ်က ပြောကြားခဲ့ပါတယ်။

အသက် ၄၁ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသားကို ကဒါဟ်ပြည်နယ် စွန်ငိုင်း ပက်တာနီမြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာကို အသက်အန္တရယ်ခြိမ်းခြောက်တဲ့ ဗီဒီယို လွှင့်တင်မှုအတွက် ဖမ်းဆီးခံရတာဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ မလေးရှားကို တရားမ၀င် ၀င်ရောက်လာမှု၊ ၂၀၁၂ ခုနှစ်မှာ ခရီးသွားအထောက်အထားအတု သုံးစွဲမှု၊ လူကုန်ကူးမှုမှာပါဝင်မှု စတဲ့ ရာဇ၀တ်မှုမှတ်တမ်းတွေ ရှိတယ်လို့ မလေးရှားရဲချုပ်က ပြောပါတယ်။

ဇူလိုင်လ ၃ ရက်နေ့က ကဒါဟ်ပြည်နယ် အေလိုဆီတာမြို့မှာ ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာအမျိုးသားက အသက် ၂၅ နှစ်အရွယ်ရှိနေပြီး ဘူကစ်ပီနန်မြို့ မဒ်ရာဆာ ဘာသာရေးစာသင်ကျောင်းမှာ ကျောင်းဆရာလုပ်နေသူဖြစ်ပါတယ်။ သူဟာ ARSA အဖွဲ့ကို အားပေးထောက်ခံတဲ့အတွက် ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ရဲချုပ် အဘ်ဒူလ် ဟာမစ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Ref: The Star

Comments are closed.