6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၇၊ ၂၀၁၉
M-Media

တိုက်ခိုက်ခံရသည့်နေရတစ်ခုတွင် ကယ်ဆယ်ရေး လုပ်ဆောင်နေပုံ

-ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ဆီးရီးယားမှာ အာဆတ်အစိုးရနဲ့ မဟာမိတ်တွေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ကလေးငယ်အများအပြား ပါဝင်တယ်လို့ ကုလရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူပုန်တွေရဲ့ နောက်ဆုံးခြေကုပ်စခန်းဖြစ်တဲ့ နိုင်ငံ အနောက်မြောက်ပိုင်းက ဒေသတွေကို ရုရှားကျောထောက်နောက်ခံပြုမှုနဲ့ ဆီးရီးယားအစိုးရက ဧပြီလ နှောင်းပိုင်းကနေစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အပစ်ရပ်ရေး ချိုးဖောက်တဲ့အတွက် တိုက်ခိုက်ရတာလို့ အာဆတ်အစိုးရက ထုတ်ပြန်ထားပါတယ်။

ကုလ လူ့အခွင့်အရေးအကြီးအကဲ မီရှဲ ဘာချလက်က တိုက်ခိုက်မှုဟာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ မုန့်ဆိုင်တွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ကလေးငယ် ၂၆ ဦးအပါအ၀င် လူ ၁၀၃ ဦး သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အဖြစ်အပျက်တွေကိုကြည့်ရင် အရပ်ဖက်ပစ်မှတ်တွေကို မတော်တဆထိခိုက်မိတာမျိုး မဟုတ်ဘဲ တမင် တိုက်ခိုက်တယ်ဆိုတာ တွေ့ရတယ်လို့လည်း သူမက ဆိုပါတယ်။

ကုလရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာရုံး (OCHA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်ဆွမ်ဆန်က တိုက်ခိုက်မှုစဖြစ်တဲ့ ဧပြီလနှောင်းပိုင်းကစလို့ လူပေါင်း ၄ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆတ်အစိုးရရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့ ဒေသမှာ အစ်ဒလစ်ပြည်နယ်ရဲ့ အစိတ်အပိုင်း အများအပြား၊ အလက်ပို၊ ဟာမာနဲ့ လာတာကီယာ ပြည်နယ်တွေရဲ့ အစိတ်အပိုင်းတစ်ချို့ ပါဝင်နေပြီး လူပေါင်း ၃ သန်းလောက် အဲဒီဒေသမှာ ရှိနေတာပါ။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရုရှား၊ တူရကီတို့ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် အာဆတ်အစိုးရနဲ့ သူပုန်တွေအကြား အပစ်အခတ်လျှော့ချရေး သဘောတူညီချက် ရရှိခဲ့ပေမယ့် အပြည့်အ၀ အကောင်အထည် မဖော်နိုင်ပါဘူး။

ဗြိတိန်အခြေစိုက် ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့ Syrian Observatory for Human Rights က ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ ဧပြီလနှောင်းပိုင်းက စတင်ခဲ့တဲ့ အာဆတ်အစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲမှုတွေကြောင့် အရပ်သား ၇၃၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘာချလက်ကတော့ အနည်းဆုံး ၄၅၀ သေဆုံးတယ်လို့ မနေ့က ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

Ref: Aljazeera

Tags:

Comments are closed.