6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၅၊ ၂၀၁၉
M-Media

အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပျံနေသည့် ဇပါတာ

-ပြင်သစ်နိုင်ငံက တီထွင်ဖန်တီးသူ ဖရန်ကီ ဇပါတာဟာ အင်္ဂလိပ်ရေလက်ကြားကို overboard နဲ့ ပထမဆုံး ဖြတ်သန်းနိုင်သူအဖြစ် သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

အသက် ၄၀ အရွယ် ဇပါတာဟာ မနေ့က ပြင်သစ်ကမ်းခြေ Calais ကနေ ပျံတက်ပြီး အင်္ဂလန်နိုင်ငံ ဒိုဗာမြို့က စိန့်မာဂရက် ကမ်းခြေမှာ ဆင်းသက်ခဲ့ပါတယ်။ ၂၂ မိုင်ဝေးတဲ့ ဒီခရီးစဉ်ဟာ အချိန် ၂၂ မိနစ်သာ ကြာမြင့်ခဲ့ပါတယ်။

ဇပါတာဟာ ဇူလိုင်လ ၂၅ ရက်နေ့က အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပျံဖို့ ကြိုးစားခဲ့ဖူးပြီး မအောင်မြင်ခဲ့ဘဲ ဒုတိယတစ်ကြိမ်မှ အောင်မြင်သွားတာ ဖြစ်ပါတယ်။

“hoverboard ကို လွန်ခဲ့တဲ့ ၃ နှစ်အရင်က တီထွင်ခဲ့တာပါ။ အခု ရေလက်ကြားကို ဖြတ်ပြနိုင်ခဲ့ပြီ။ ရူးလောက်စရာပါပဲ။ သမိုင်းဝင်အဖြစ်ပျက်လို့ပဲပြောပြော ဒါက ကျွန်တော် ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ပါဘူး။ အချိန်က ဆုံးဖြတ်သွားမှာပါ” လို့ ဇပါတာက ခရီးစဉ် ပြီးဆုံးပြီးတဲ့နောက် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဇပါတာ တီထွင်ထားတဲ့ hoverboard မှာ turbojet အင်ဂျင် ၅ ခု အသုံးပြုထားပြီး ရေနံဆီထည့်ပြီး မောင်းရတာ ဖြစ်ပါတယ်။ မောင်းနှင်နိုင်တဲ့ အမြင့်ဆုံးမြန်နှုန်းက တစ်နာရီကို ၁၁၈ မိုင်ဖြစ်ပြီး၊ အမြင့်ပေ တစ်သောင်းအထိ တက်နိုင်ပါတယ်။

ပြီးခဲ့တဲ့လ ပဲရစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ Bastille Day နေ့ စစ်ရေးပြအခမ်းအနားမှာ ဇပါတာက ဒီ hoverboard ကို ထုတ်ပြခဲ့ပြီး လူတိုင်းက အံ့အားသင့်ခဲ့ရပါတယ်။ ကမ္ဘ္ဘာ့လေကြောင်း ပျံသန်းမှုသမိုင်းမှာ နောက်ဆုံး ပေါ်ပေါက်လာတဲ့ ယာဉ်လို့ ပြောလို့ရတဲ့ ဒီ hoverboard ဟာ Iron Man ဇာတ်ကားက မင်းသား ၀တ်ဆင်တဲ့ ၀တ်စုံကို အားကျပြီး ဖန်တီးထားတာလို့ ဇပါတာက ပြောကြားခဲ့ပါတယ်။

ဇပါတာတီထွင်ခဲ့သည့် hoverboard

hoverboard ရဲ့ အဓိကအခက်အခဲက ရေနံဆီပြန်ဖြည့်ရတာဖြစ်ပြီး အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ဖို့ ဇပါတာရဲ့ ပထမအကြိမ်ကြိုးပမ်းမှု မအောင်မြင်ရတာဟာ ဒီပြဿနာကြောင့် ဖြစ်ပါတယ်။ ဒုတိယအကြိမ်မှာတော့ ကျောပိုးအိတ်နဲ့ သယ်လာတဲ့ ရေနံဆီကို ရေလက်ကြားအလယ်က သင်္ဘောပေါ်ဆင်းပြီး ဖြည့်တင်းကာ အောင်မြင်စွာ ခရီးဆက်နိုင်ခဲ့ပါတယ်။

ဒီခရီးစဉ်မှာ အမြန်နှုန်း တစ်နာရီ ၁၀၆ မိုင်နှုန်းအထိ မောင်းနှင်ခဲ့တယ်လို့ ဇပါတာက ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ဒီ ကိရိယာကို စီးပွားဖြစ်ထုတ်လုပ်ဖို့အတွက် ပြင်သစ်အစိုးရက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားပြီး အနာဂတ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့ မျှော်လင့်နေပါတယ်။

Ref: The Sun, BBC

Tags:

Comments are closed.