6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၇၊ ၂၀၁၉
M-Media

မြို့တော် မနီလာတွင် ခြင်ဆေးဖြန်းနေစဉ်

-အခုနှစ်အတွင်း ငှက်ဖျားကြောင့် သေဆုံးသူဟာ ၆၂၂ ဦးအထိ ရှိလာတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံက ငှက်ဖျားရောဂါအန္တရာယ် ကျရောက်နေတဲ့ နိုင်ငံတစ်ခုအဖြစ် ကြေငြာလိုက်ပါတယ်။

ဇန်နဝါရီလကနေ ဇူလိုင်လ ၂၀ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံမှာ ငှက်ဖျားဖြစ်ပွားသူ တစ်သိန်း ၄ သောင်းကျော် ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ကထက် ၉၈ ရာခိုင်နှုန်း များပြားလာတာ ဖြစ်ပါတယ်။ နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ အဓိက ဖြစ်ပွားနေတာပါ။

မနေ့ကညပိုင်းမှာတော့ ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက ငှက်ဖျားရောဂါ ကျရောက်နေတဲ့ နိုင်ငံအဖြစ် ကြေငြာလိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီး ဖရန်စစ္စကို ဒူကေးက အခုလို ကြေငြာလိုက်ခြင်းအားဖြင့် အစိုးရရဲ့ အရေးပေါ် ရန်ပုံငွေကနေ ရောဂါတိုက်ဖျက်ရေးအတွက် ထုတ်ယူသုံးစွဲနိုင်မှာဖြစ်ပြီး ပြည်နယ်အစိုးရတွေရဲ့ ဆောင်ရွက်မှုကို ပိုမိုအားကောင်းစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ငှက်ဖျားတိုက်ဖျက်ရေးမှာ ခြင်ပေါက်ဖွားတဲ့ နေရာတွေ ရှင်းလင်းရေးကို ဖိလစ်ပိုင်အစိုးရက အဓိကထား လုပ်ဆောင်နေပြီး အစိုးရအေဂျင်စီတွေ၊ ကျောင်းတွေ၊ ရုံးတွေနဲ့ လူ့အဖွဲ့အစည်းတွေကလည်း ပူးပေါင်း ဆောင်ရွက်နေပါတယ်။

၂၀၁၇ ခုနှစ်မှာ သမ္မတ ဒူတာတေးဟာ ငှက်ဖျားကာကွယ်ဆေး Dengvaxia ကို ပိတ်ပင်ခဲ့ပြီး
အခုဖြစ်ပွားမှုဟာ ဒီပိတ်ပင်မှုရဲ့ နောက်ဆက်တွဲဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဆေးထုတ်လုပ်တဲ့ ပြင်သစ်ကုမ္ပဏီက Dengvaxia ဆေးဟာ အရင်က ငှက်ဖျားမဖြစ်ဖူးသူတွေအပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တယ်လို့ သတိပေးခဲ့ပြီးတဲ့နောက် ဒူတာတေးက ပိတ်ပင်ခဲ့တာပါ။

အခုနှစ်အတွင်း အရှေ့တောင်အာရှနိုင်ငံတွေမှာ ငှက်ဖျားရောဂါဖြစ်ပွားမှု သိသိသာသာ မြင့်တက်လာတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။

မလေးရှားမှာ ငှက်ဖျားဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ၂ ဆနီးနီး တက်လာပြီး၊ ဗီယက်နမ်မှာလည်း ၄ ဆနီးပါးအထိ မြင့်တက်လာပါတယ်။ တောင်အာရှမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငှက်ဖျားရောဂါ ပြန့်နှံ့မှုဒဏ်ကို အကြီးအကျယ် ခံစားနေရပါတယ်။

Ref: Aljazeera

Comments are closed.