6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၅၊ ၂၀၁၉
M-Media


Photo Credit – EPA

-တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်ရဲ့ မနေ့က နေပြည်တော် ခရီးစဉ်အတွင်း စီးပွားရေးနဲ့ အခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးဆိုင်ရာ သဘောတူညီချက် တော်တော်များများကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ သဘောတူညီချက်တွေထဲမှာ ‘ကိုရီးယား-မြန်မာ ချစ်ကျည်ရေးတံတား’ လို့ အမည်ပေးထားတဲ့ ရန်ကုန်-ဒလ မြစ်ကူးတံတားတည်ဆောက်ရေး၊ ကိုရီးယား-မြန်မာ စက်မှုဇုန်တစ်ခု တည်ဆောက်ရေးတွေလည်း ပါဝင်ပါတယ်။

လှည်းကူးမြို့နယ် ညောင်နှစ်ပင်ရွာမှာ ဆောင်ရွက်မယ့် ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း (KMIC) စတင်ခြင်း အခမ်းအနားကို ဗုဒ္ဓဟူးနေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့ပြီး သမ္မတ ဦးဝင်းမြင့်လည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

စီမံကိန်းကို မြေအကျယ်အ၀န်း ၅၅၅ ဧကမှာ အကောင်အထည်ဖော်သွားမှာပါ။ ကိုရီးယား မြေနှင့် အိမ်ယာ ကော်ပိုရေးရှင်း LH နဲ့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မယ့် ဒီစီမံကိန်းကို ၂၀၂၄ ခုနှစ်မှာ ပြီးစီးဖို့ မျှော်မှန်းထားပါတယ်။

‘ဒလဂြိုဟ်တုမြို့တော် စီမံကိန်း’ အကောင်အထည်ဖော်နိုင်ငံရေးအတွက်၊ ကနဦး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ဖို့ နှစ်နိုင်ငံ သဘောတူညီချက်ခဲ့သလို တောင်ကိုရီးယားဘဏ် KB Kookmin နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ကလည်း ၀င်ငွေနည်းသူတွေအတွက် တန်ဖိုးနည်းအိမ်ယာတည်ဆောက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီစီမံကိန်းအတွက် ကိုရီးယားဘဏ်က ရန်ပုံငွေ ထုတ်ပေးမှာ ဖြစ်ပါတယ်။

တောာင်ကိုရီးယားမှာရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ လုပ်ငန်းခွင့်အခြေအနေ တိုးတက်ကောင်းမွန်ရေး၊ ငွေကြေးလွှဲပြောင်းရေး ကိစ္စတွေမှာ ကူညီပေးဖို့အတွက် KB Kookmin ဘဏ်နဲ့ ကိုရီးယား လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဌာနတို့ကလည်း နားလည်မှု စာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သမ္မတ မွန်ဂျယ်အင်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဆောင်ရွက်ဖို့အတွက် တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်တွေကို တိုက်တွန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အခြား ဖွံ့ဖြဖြိုးရေး လုပ်ငန်းများ

အခုသီတင်းပတ်အစောပိုင်းက မြန်မာ-ကိုရီးယား ၂ နိုင်ငံ တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံက လယ်ယာကဏ္ဍ တိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ နှစ်နိုင်ငံ ခရီးသွားကဏ္ဍ တိုးတက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကန်ဒေါ်လာ ၁ ဘီလီယံအထိ တောင်ကိုရီးယားက ချေးငွေ ထုတ်ပေးဖို့၊ ကိုရီးယားရင်းနှီးမြှုပ်နှံသူတွေ အဆင်ပြေစေရေးအတွက် ရန်ကုန်မှာ သတင်းအချက်အလက်စင်တာတစ်ခု တည်ဆောက်ဖို့ နှစ်နိုင်ငံ နိုင်ငံခြားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတာဝန်ရှိသူတွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မြန်မာနိုင်ငံက သင်္ဘောကျင်းတွေ၊ ဆိပ်ကမ်းတွေ အဆင့်မြှင့်တင်ရေးအပါအ၀င် ရေကြောင်းကဏ္ဍ တိုးတက်အောင် ဆောင်ရွက်ဖို့အတွက်လည်း မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်တို့က နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

သိပ္ပံနဲ့ နည်းပညာဖက်မှာ ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးနဲ့ တီထွင်ဆန်းစစ်မှုကဏ္ဍတိုးတက်ရေးတို့အတွက် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ စက်မှုဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ တောင်ကိုရီးယား သံအမတ်နဲ့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Ref: mmtimes

Comments are closed.