6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၂၊ ၂၀၂၀
M-Media

ဝီဂါများ၏လုပ်အားကို ခေါင်းပုံဖြတ်နေသည့် တရုတ်စက်ရုံတစ်ခု

-တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသက ဝီဂါမွတ်စလင်တွေဟာ ကမ္ဘာ့နာမည်ကျော်တံဆိပ်တွေကို ထုတ်လုပ်ပေးတဲ့ စက်ရုံတွေအပါအဝင် တရုတ်နိုင်ငံတစ်ဝှမ်းက စက်ရုံအလုပ်ရုံတွေမှာ အဓမ္မလုပ်အားခိုင်းစေမှုကို ခံနေရတယ်လို့ ဩစတေးလျအခြေစိုက် တတ်သိပညာရှင်များအဖွဲ့ Australian Strategic Policy Institute (ASPI) က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

အနည်းဆုံး ဝီဂါတစ်သန်းလောက်ဟာ ရှင်ကျန်းပြည်နယ်က တရုတ်အစိုးရဲ့ အကျဉ်းစခန်းတွေမှာ ပိတ်လှောင်ကာ ညှင်းပမ်းမှုတွေ ခံနေရတယ်လို့ ကမ္ဘာမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ တရုတ်ကတော့ ဒါကိုငြင်းပြီး အကျဉ်းစခန်းတွေမဟုတ်ဘဲ ပညာပေးစခန်းတွေသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ASPI က ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ရှင်ကျန်းပြည်နယ်ကနေ ဝီဂါ ၈ သောင်းကျော်လောက်ကို နိုင်ငံတစ်ဝှမ်းက စက်ရုံ၊ အလုပ်ရုံတွေဆီ ပို့ဆောင်ခဲ့တာကို တွေ့ရပြီး တစ်ချို့တွေဆိုရင် အကျဉ်းစခန်းတွေကနေ တိုက်ရိုက်ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီခိုင်းစေမှုကို ဗဟိုအစိုးရရဲ့ Xinjiang Aid ခေါင်းစဉ်အောက်မှာ ဆောင်ရွက်တာဖြစ်ပြီး Nike၊ Apple နဲ့ Dell တို့ အပါအဝင် ကမ္ဘာကျော်တံဆိပ် ၈၃ မျိုးလောက်ကို ပစ္စည်းထောက်ပံ့ပေးနေတဲ့ စက်ရုံတွေလည်း ပါဝင်ပါတယ်။

ပြန်အဖမ်းခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် ဝီဂါတွေဟာ အဓမ္မလုပ်အားခိုင်စေမှုကို ငြင်းဆိုဖို့ ခက်​နေကြောင်း၊ ​လူခေါ်ပေးတဲ့ ပွဲစားတွေ၊ ဒေသခံအာဏာပိုင်တွေကို ရှင်ကျန်းအစိုးရက ဆုကြေးပေးတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရကြောင်း ASPI ရဲ့ အစီရင်ခံစာက ဆိုပါတယ်။ ဒါဟာ ‘ဝီဂါတွေအပေါ် ဖိနှိပ်မှု အသစ်တစ်မျိုး’ လို့ ASPI က သမုတ်ခဲ့ပါတယ်။

အစီရင်ခံစာကို ပူးတွဲရေးသားတဲ့ နသန် ရူဆာက ​ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြားလူနည်းစုတွေကို အခြားနေရာ ခေါ်ဆောင်သွားမှုဟာ လုပ်အားခေါင်းပုံဖြတ်ဖို့ဆိုတာ အလွန်သိသာနေကြောင်း အစီရင်ခံစာမှာ တွေ့ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ကပြီး တရုတ်နိုင်ငံ ပြည်နယ် ၉ ခုမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ ၂၇ ခုလောက်ဟာ ဝီဂါတွေရဲ့ လုပ်အားကို ခေါင်းပုံဖြတ်နေတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။ ဝီဂါတွေကို တရုတ်စာ အဓမ္မသင်ကြားတာ၊ အလုပ်ချိန်ပြီးရင် ဦးနှောက်ကျင်းတာ၊ အဆက်မပြတ်စောင့်ကြည့်တာတွေ ရှိနေပြီး ဘာသာရေးကျင့်သုံးမှုကိုလည်း တာဝန်ရှိသူတွေက ပိတ်ပင်ထားပါတယ်။

ASPI က တရုတ်နဲ့ နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ သူတို့ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်နေတယ်ဆိုတာကို မသိတာမျိုး ဖြစ်နိုင်ပြီး တရုတ်နိုင်ငံက လုပ်ငန်းကွင်းစက်တွေကို ချက်ခြင်းလက်ငင်း သုံးသပ်စစ်ဆေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

Nike အတွက် ပစ္စည်းတွေထုတ်လုပ်ပေးပြီး ASPI ရဲ့ စာရင်းထဲမှာပါဝင်တဲ့ စက်ရုံတစ်ခုကို ဝါရှင်တန်ပို့စ်သတင်းဌာနက သွားရောက်ရာမှာ စက်ရုံမှာ လျှပ်စစ်ဝါယာခြံစည်းရိုးတွေ၊ မျှော်စင်တွေ၊ ကင်မရာတွေ၊ ရဲစခန်းတွေရှိနေကာ အကျဉ်းထောင်တစ်ခုနဲ့ တူနေတာကို တွေ့ခဲ့ရပါတယ်။ အလုပ်လုပ်နေတဲ့ ဝီဂါအမျိုးတစ်ဦးကို မေးမြန်းရာမှာ စက်ရုံအတွင်း လမ်းလျှောက်လို့ရပေမယ့် ရှင်ကျန်းကို ပြန်လို့မရဘူးလို့ ပြောခဲ့ကြောင်း ဝါရှင်တန်ပို့စ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Nike နဲ့ Apple တို့က သူတို့ရဲ့ လုပ်ငန်းကွင်းဆက်မှာ ပါဝင်တဲ့ ဘယ်သူမဆို ဂုဏ်သိက္ခာရှိရှိ အလုပ်လုပ်နိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီး၊ နိုင်ငံတကာ အလုပ်သမားအခွင့်အရေးကိုလည်း လေးစားလိုက်နာသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Ref: BBC

Comments are closed.