6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၂၊ ၂၀၂၀
M-Media

-အစ္စလာမ်ဘာသာနဲ့ပတ်သက်ပြီး လုပ်ကြံဝါဒဖြန့် ရေးသားခဲ့မှုတစ်ခုအတွက် အမေရိကန်သတင်းစာတစ်စောင်က လူသိရှင်ကြား တောင်းပန်လိုက်ပါတယ်။

နိုင်ငံအလယ်ပိုင်း တန်နက်ဆီပြည်နယ်က နာမည်ကြီး The Tennessee သတင်းစာရဲ့ ကြော်ငြာကဏ္ဍမှာ တနင်္ဂနွေနေ့က ဖော်ပြခဲ့တဲ့ ဝါဒဖြန့် ဆောင်းပါးတစ်ပုဒ်မှာ အစ္စလာမ်သာသနာကို လုပ်ကြံစော်ကား ရေးသားခဲ့တာပါ။

ထရမ့်သမ္မတဖြစ်တာဟာ သမ္မာကျမ်းစာပါ ဗျာဒိတ်တော်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ပြည်တွင်းစစ် ထပ်ဖြစ်နိုင်တဲ့အတွက် သတိထားဖို့လိုကြောင်း၊ အစ္စလာမ်ဟာ ပြည်နယ်မြို့တော် နက်ရှ်ဗီလီမှာ နျူဗုံးခွဲမှာဖြစ်ကြောင်း အဲဒီဆောင်းပါးမှာ ရေးသားထားပါတယ်။

ဆောင်းပါးခေါင်းစဉ်ကို Dear Citizen of Nashville လို့ ပေးထားပြီး အပိုဒ် ၈ ပိုဒ် ပါဝင်ကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို မျက်နှာဖုံးအဖြစ် ဖော်ပြထားပါတယ်။

ဒီဝါဒဖြန့်ဆောင်းပါးကို Ministry of Future for America ဆိုတဲ့ ခရစ်ယာန်အဖွဲ့က ရေးတာပါ။ အဲဒီအဖွဲ့က သူတို့ဟာ သမ္မာကျမ်းစာရဲ့ နောက်ဆုံး သတိပေးသတင်းစကားကို ဖြန့်ချီတဲ့အဖွဲ့ဖြစ်တယ်လို့ ကြွေးကျော်ထားပါတယ်။

ဆောင်းပါးမှား ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်အကြောင်း၊ အတိုက်အခံ ဒီမိုကရက်တစ် ပါတီအကြောင်းနဲ့ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုအကြောင်းတွေကို ဇောင်းပေးရေးသားထားပါတယ်။

သတင်းစာတိုက်ရဲ့ ဥက္ကဌဖြစ်ပြီး အယ်ဒီတာလည်းဖြစ်တဲ့ မီခေးလ် အန်နက်စ်တာဆီက ဒီဆောင်းပါးဟာ ​မိမိတို့ရဲ့ ကြော်ငြာဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

“ဒီကိစ္စဟာ ဆိုးရွားလွန်းလှပြီး၊ ဘယ်လိုမှ ဆင်ခြေဆင်လတ်ပေးလို့မရတဲ့ ကိစ္စမျိုးပါ။ ဆောင်းပါးဟာ မှားယွင်းပြီး မဖော်ပြသင့်တဲ့ ဆောင်းပါးလည်းဖြစ်ပါတယ်”

မိမိတို့ရဲ့ ကြော်ငြာစံချိန်စံညွှန်းတွေထဲမှာ အမုန်းစကား တားမြစ်ပိတ်ပင်မှု ပါဝင်ပြီး၊ ဒီဆောင်းပါးမျိုးကို နောက်ထပ် ထပ်မပါအောင် ဆောင်ရွက်ထားကာ စုံးစမ်းစစ်ဆေးမှုလည်း ပြုလုပ်နေတယ်လို့ သတင်းစာတိုက်က ထုတ်ပြန်ထားပါတယ်။

ကြော်ငြာလက်ခံရာမှာ အဓိကကျတဲ့ အရောင်းချဲ့ထွင်ရေးအဖွဲ့ ဒုတိယဥက္ကဌ ရိုင်ယန် ကဒ်ဇီယာစကီးကလည်း ဒီဆောင်းပါးအတွက် တောင်းပန်ခဲ့ပါတယ်။

“ဒီလိုဆောင်းပါးမျိုး ပါသွားတဲ့အတွက် လူထုကို ကျွန်တော်တို့ အနူးအညွတ် တောင်းပန်ပါတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်သွားတယ်ဆိုတာကို စုံစမ်းစစ်ဆေးနေပြီး ချက်ခြင်းလက်ငင်း အရေးယူသွားမှာပါ”

Ministry of Future for America အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူလို့ဆိုတဲ့ ဂျက်ဖ် ပစ်ပန်ဂျာက သတင်းစာတိုက်ဟာ သူတို့ကို ကြေငြာဆောင်းပါးအတွက် ငွေပြန်မအမ်းသေးကြောင်း၊ သတင်းစာနဲ့ ဝဘ်ဆိုက်တို့မှာ ဖော်ပြထားတဲ့ အဲဒီဆောင်းပါးပါ အကြောင်းအရာတွေပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

Ref: New York Times

Comments are closed.