6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

​စက်တင်ဘာ ၁၅၊ ၂၀၂၀
M-Media

-ရှင်ကျန်းဒေသမှာ ဝီဂါတွေကို တရုတ်အစိုးရက အဓမ္မလုပ်အားခိုင်းစေပြီး ထုတ်လုပ်တဲ့ ပစ္စည်းတွေကို အမေရိကန်အစိုးရက တင်သွင်းခွင့် ပိတ်ပင်လိုက်ပြီး၊ တင်သွင်းလာတဲ့ပစ္စည်းတွေကိုလည်း နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

“တရုတ်အစိုးရဟာ ဝီဂါလူမျိုးတွေနဲ့ အခြားလူနည်းစုတွေအပေါ် စနစ်တကျ စီမံကိန်းနဲ့ ညှင်းပမ်းနှိပ်စက်နေပါတယ်။ အဓမ္မလုပ်အားခိုင်းစေမှုဟာ ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပါ” လို့ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဌာနရဲ့ ကော်မရှင်နာမင်းကြီး မာ့ခ် မော်ဂန်က ပြောကြားခဲ့ပါတယ်။

ပိတ်ပင်ခံရတဲ့ ပစ္စည်းတွေက ရှင်ကျန်းပြည်နယ်၊ အနားက အန်ဟွေပြည်နယ်တို့မှာရှိတဲ့ နေရာ ၅ ခုက ထုတ်လုပ်တဲ့ ချည်ထည်၊ အဝတ်အထည်၊ ဆံပင်ပစ္စည်း၊ အီလက်ထရောနစ်ထုတ်ကုန်တွေဖြစ်ပါတယ်ပါ။ အဲဒီနေရာတ​ွေဟာ တရုတ်က လေ့ကျင့်ရေးသင်တန်းကျောင်းလို့ခေါ်တဲ့ အကျဉ်းစခန်းတွေ ပါဝင်ပါတယ်။

ရှင်ကျန်းပြည်နယ်က Lop County No 4 အကျဉ်းစခန်းဟာ အဓမ္မလုပ်အားခိုင်းစေမှု အဓိကနေရာဖြစ်တယ်လို့ အမေရိကန် ပြည်တွင်းလုံခြုံရေး ဒုတိယဝန်ကြီး ကန်ကျူစီလီနီက ပြောပါတယ်။

“ဒါဟာ အသက်မွေးသင်တန်းကျောင်းမဟုတ်ဘူးဗျ။ တိုင်းရင်းသားလူနည်းစုတွေကို ညှင်းပမ်းနှိပ်စက်ပြီး၊ လွတ်လပ်မှုမရှိ၊ ရင်းမြစ်တွေမရှိတဲ့ ဆိုးရွားတဲ့အခြေအနေမျိုးမှာ အဓမ္မလုပ်အားခိုင်းစေတဲ့ အကျဉ်းစခန်းပါ။ ဒါဟာ ခေတ်သစ်ကျွန်ပြုမှု ဖြစ်ပါတယ်”

ပစ္စည်းတွင် တင်သွင်းခွင့် ပိတ်ပင်မှုအပြင်၊ ဥပဒေချိုးဖောက်ပြီး တင်သွင်းလာရင် နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်မယ့် အမိန့်ကိုလည်း တစ်ပါတည်း ထုတ်ပြန်ထားပါတယ်။

တရုတ်အစိုးရက ဝီဂါတွေအပေါ် ညှင်းပမ်းမှုနဲ့ပတ်သက်ပြီး အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်လာတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်း ဝီဂါနဲ့ အခြားလူမျိုးစုတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်ကာ၊ အဓမ္မလုပ်အားခိုင်းစေမှုကနေ ထုတ်လုပ်ထားတဲ့ ဆံပင်တုပစ္စည်းတွေ၊ အဝတ်အထည်ပစ္စည်းတွေကို အမေရိကန်အကောက်ခွန်ဌာနက တင်သွင်းခွင့် ပိတ်ပင်ခဲ့ပါတယ်။

Ref: AFP

Comments are closed.