5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၅၊ ၂၀၂၀
M-Media

-ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးသဘောတူညီချက်တစ်ခု ဖြစ်လာမယ့် RCEP ကို အာဆီနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံက ဒီကနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ဩစလေးလျတဲ့ အာဆီယံ ၁၀ နိုင်ငံတို့မှာ အကောင်အထည်ဖော်မယ့် အဲဒီ ကုန်သွယ်ရေး သဘောတူညီချက်ကို ၂၀၁၂ ခုနှစ်မှာ စတင် အဆိုပြုခဲ့တာပါ။ ကမ္ဘာလူ့ဦးရေရဲ့ ၃ ပုံ ၁ ပုံအပေါ် သက်ရောက်မှုရှိမှာဖြစ်ပြီး၊ ကမ္ဘာ့ဂျီဒီပီရဲ့ ၂၉ ရာခိုင်နှုန်း ရှိမှာဖြစ်ပါတယ်။

လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုပေါင်း ၄၆ ကြိမ်၊ ဝန်ကြီးအဆင့် အစည်းအဝေး ၁၉ ကြိမ် လုပ်ခဲ့ရပြီး ပါဝင်မယ့် အချက်အလက်တွေကို ပြီးခဲ့တဲ့နှစ်မှာ သဘောတူခဲ့ကြပါတယ်။

လက်မှတ်ရေးထိုးမှုကိုတော့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ပြုလုပ်ခဲ့တာပါ။သဘောတူညီချက်ပါ အချက်အလက်တွေကို လက်ခံအကောင်အထည်ဖော်မှာဖြစ်ကြောင်း အဖွဲ့ဝင်နိုင်ငံတွေက ၂ နှစ်အတွင်း လက်မှတ်ရေးထိုးရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ စာချုပ်အသက်ဝင်လာမှာ ဖြစ်ပါတယ်။

ဆွေးနွေးမှုအစပိုင်းမှာ အိန္ဒိယနိုင်ငံ ပါဝင်ခဲ့ပေမယ့် ​အကောင်အထည်ဖော်ရင် နိုင်ငံအတွင်း တရုတ်လုပ်ပစ္စည်းတွေ အုံနဲ့ကျင်းနဲ့ဝင်လာတဲ့အခါ ပြည်တွင်းမှာရှိနေတဲ့ ထုတ်လုပ်သူတွေကို ထိခိုက်လာနိုင်မယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ပြီးခဲ့တဲ့နှစ်မှာ နှုတ်ထွက်သွားခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေကတော့ အိန္ဒိယအတွက် တံခါးဖွင့်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

သဘောတူညီချက်မှာ အခွန်ကင်းလွတ်ခွင့်၊ လွတ်လပ်စွာ ကုန်စည်စီးဆင်းခွင့်၊ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံခွင့်တွေ ပါဝင်မှာပါ။

သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ အာဆီယံဒေသက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်လိမ့်မယ်လို့ အာဆီယံခေါင်းဆောင်တွေက မျှော်လင့်နေကြပါတယ်။

Ref: CNA

Tags:

Comments are closed.