6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၇၊ ၂၀၂၀
M-Media

-ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် သန်း ၁၀၀ နီးပါးလောက် အသုံးပြုတဲ့ ဖုန်း အက်ပလီကေးရှင်း Muslim Pro က အသုံးပြုသူတွေရဲ့ အချက်အလက်ကို အမေရိကန် အထူးတပ်ဖွဲ့က ဝယ်ယူနေတယ်လို့ အွန်လိုင်း မဂ္ဂဇင်း Motherboard က မနေ့မှာ ဖွင့်ချလိုက်ပါတယ်။

Muslim Pro ဟာ ဘုရားဝတ်ပြုချိန်အပါအဝင် အစ္စလာမ်ဘာသာရေး ကျင့်သုံးမှု နည်းနာတွေကို အလွယ်တကူ ကြည့်ရှုနိုင်တဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး အသုံးပြုသူ ၉၈ သန်းကျော် ရှိပါတယ်။

အမေရိကန်အထူးတပ်ဖွဲ့ဟာ Muslim Pro အပါအဝင် ကမ္ဘာတစ်ဝှမ်း အသုံးများတဲ့ ဖုန်း အက်ပလီကေးရှင်းတွေက အသုံးပြုသူတွေရဲ့ တည်နေရာအချက်အလက်တွေကို အဓိကထား ဝယ်ယူတာ ဖြစ်ပါတယ်။
အမေရိကန်စစ်တပ်က Motherboard မဂ္ဂဇင်းရဲ့ ဒီဖော်ပြချက်ကို အတည်ပြုပါတယ်။

“အထူးတပ်ဖွဲ့ဝင်တွေ နိုင်ငံရပ်ခြားမှာ တာဝန်ထမ်းဆောင်ရတဲ့အခါ အကူအညီပေးနိုင်ဖို့အတွက် ဒီလိုဆော့ဖ်ဝဲတွေထဲ ဝင်ရောက်ကြည့်ရှုခွင့် ယူထားတာပါ။ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်၊ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေပါ အမေရိကန်ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ထိန်းသိမ်းကာကွယ်ဖို့ဆိုတဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းတွေကို ကျွန်တော်တို့ အတိအကျ လိုက်နာပါတယ်” လို့ အမေရိကန်ရေတပ်တပ်မှူး တင်မ်ဟော့ကင်းက ပြောကြားခဲ့ပါတယ်။

အမေရိကန်စစ်တပ်ကို အသုံးပြုသူတွေရဲ့ တည်နေရာအချက်အလက်တွေကိုရောင်းတဲ့ App ကုမ္ပဏီတွေထဲမှာ X-Mode၊ Muslim Mingle၊ Accupedo၊ Global Storms၊ CPlus for Craigslist စတာတွေလည်း ပါဝင်ပါတယ်။

ကန်အထက်လွှတ်တော်အမတ် ရွန်ဝေဒန်က X-Mode ကုမ္ပဏီဟာ အသုံးပြုသူတွေရဲ့အချက်အလက်တွေကို အမေရိကန်စစ်တပ်ထံ ရောင်းတယ်ဆိုတာကို ဝန်ခံထားကြောင်း ပြောကြားခဲ့ပါတယ်။

X-Mode ကတော့ စစ်တပ်နဲ့ အလုပ်လုပ်နေတဲ့ နည်းပညာကုမ္ပဏီအနည်းငယ်ကို အချက်အလက်တွေ ရောင်းခဲ့ပြီး ဒါဟာ အကြမ်းဖက်တိုက်ဖျက်ရေး၊ ဆိုက်ဘာလုံခြုံရေးနဲ့ ကိုဗစ်ကပ်ရောဂါ ပြန့်ပွားမှု စောင့်ကြည့်ရေး နယ်ပယ် ၃ ခုအတွက်သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Aljazeera

Comments are closed.