6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)


နိုဝင်ဘာ ၃၀၊ ၂၀၂၀
M-Media

တရုတ်ဖုန်းကုမ္ပဏီ ဟွာဝေးကို ယူကေက ပိတ်ပင်တော့မည်
============
နိုင်ငံရဲ့ 5G ကွန်ယက် တည်ဆောက်ရေးမှာ တရုတ်နည်းပညာကုမ္ပဏီ Huawei ကို ဖယ်ရှားနိုင်ဖို့အတွက် ဥပဒေသစ်တစ်ခုကို ယူ​ကေက မနက်ဖြန် လွှတ်တော်မှာ ဆွေးနွေးဖို့ ရှိနေပါတယ်။

Huawei ဟာ တရုတ်အစိုးရရဲ့ သူလျှိုလုပ်ငန်းမှာ ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်က စွပ်စွဲထားတာပါ။ 5G ကွန်ယက်တည်ဆောက်ရေးမှာ ဟွာဝေးကုမ္ပဏီကို ဖယ်ထုတ်နိုင်ဖို့အတွက် ယူကေအစိုးရဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ကြိုစားနေတာဖြစ်ပါတယ်။ စီမံကိန်းမှာ ပါ၀င်နေတဲ့ ဖုန်းကုမ္ပဏီတွေအနေနဲ့ Huawei က ထုတ်တဲ့ ပစ္စည်းတွေကို အသုံးမပြုရဆိုတဲ့ အမိန့်တစ်ရပ်ကိုလည်း စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။

အခုဥပဒေသစ်အရ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ပတ်သက်လာရင် နည်းပညာကုမ္ပဏီတွေအပေါ်မှာ ယူကေအစိုးရက တင်းကြပ်ခွင့်ရလာမှာဖြစ်ပါတယ်။

အသုံးပြုသူများအပေါ် ခေါင်းပုံဖြတ်မှုအတွက် Apple က ဒေါ်လာသန်းရာချီ ဒဏ်ရိုက်ခံရ
============
မော်ဒယ်အဟောင်း အိုင်ဖုန်းတွေကို နှေးသွားအောင် တမင်လုပ်ခဲ့တဲ့အတွက် အမေရိကန်က ပြည်နယ် ၃၄ ခုမှာ နစ်နာ​ကြေး ၁၁၃ သန်းပေးဖို့ Apple ကုမ္ပဏီက သဘောတူလိုက်ပါတယ်။

၂၀၁၆ ခုနှစ်က ဆော့ဖ်ဝဲ Update မှာ ဒီလိုလုပ်တာဖြစ်ပြီး မော်ဒယ်အဟောင်းဖုန်းတွေမှာ ဘတ္ထရီသက်တမ်း ပိုခံအောင်လုပ်တာလို့ Apple က ပြောပေမယ့် အသုံးပြုသူတွေက ဖုန်းအသစ်တွေရောင်းရအောင် တမင်လုပ်ခဲ့တာလို့ စွပ်စွဲကာ တရားစွဲခဲ့တာပါ။

အရီဇိုးနားပြည်နယ် ရှေ့နေချုပ် မာ့ခ် ဘာနိုဗစ်က ဖုန်းကုမ္ပဏီတွေအနေနဲ့ အသုံးပြုသူတွေအပေါ် အမြတ်ထုတ်တာကို ရပ်တန့်သင့်ပြီး ထုတ်ကုန်တွေအကြောင်း အဖြစ်မှန်ကို အသိပေးသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

Apple ဟာ ဒီကိစ္စအတွက် အရင်က တောင်းပန်ခဲ့သလို၊ ထိခိုက်ခံစားရတဲ့ ဖုန်းတွေအတွက် ဘတ္ထရီအပိုကို ဒေါ်လာ ၈၀ ကနေ ၃၀ အထိ လျော့ရောင်းခဲ့ပါတယ်။

eBay နှင့် Amazon တို့၏ စျေးဝယ်သူမသမာမှုကိစ္စတွင် Amazon က အနိုင်ရ
=====================
အမေရိကန်က ထိပ်တန်းအွန်လိုင်းရှော့ပင်း ကုမ္ပဏီတွေဖြစ်တဲ့ Amazon နဲ့ eBay တို့ရဲ့ ၀ယ်ယူ စျေးဝယ်သူမသမာမှုကိစ္စမှာ Amazon က အနိုင်ရသွားပါတယ်။

Amazon ဟာ သူတို့ဝန်ထမ်းတွေကို မိမိတို့ ဝဘ်ဆိုက်မှာ အဖွဲ့ဝင်အဖြစ် ဝင်စေပြီး မိမိတို့စျေးဝယ်သူတွေကို သွေးဆောင်ဖျားယောင်းခဲ့တယ်လို eBay က ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်တရားရုံးနှစ်ခုမှာ တရားစွဲဆိုခဲ့တာပါ။

ကြားနာမှုတွေအရ ဒီလိုချိုးဖောက်မှုရှိကြောင်း eBay က သက်သေပြနိုင်ခဲ့ပေမယ့်၊ ကုမ္ပဏီကို ထိခိုက်မှုရှိတယ်ဆိုတာကို သက်သေမပြနိုင်ခဲ့တာကြောင့် ခုံသမာဓိအဖွဲ့က စွပ်စွဲချက်အားလုံးကို ပယ်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဆုံးဖြတ်ချက်ကို တရားရုံးက တရားဝင်မထုတ်ပြန်သေးဘဲ ကုမ္ပဏီနှစ်ခုစလုံးကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ပါဘူး။

Ref: BBC, CNN

Comments are closed.