5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၆၊ ၂၀၂၀
M-Media

-အင်္ဂါဂြိုသွားခရီးစဉ် ပြင်ဆင်ဖို့အတွက် လကမ္ဘာပေါ်က မြေကြီးကို အနည်းဆုံး ၁ ဒေါ်လာနဲ့ ဝယ်ယူဖို့ အမေရိကန် အာကာသအေဂျင်စီ နာဆာက ပုဂ္ဂလိကကုမ္ပဏီတွေကို ကန်ထရိုက်ပေးလိုက်ပါတယ်။

အမေရိကန်က Lunar Outpost of Golden နဲ့ Masten Space Systems of Mojave၊ ဂျပန်က ispace ကုမ္ပဏီ၊ လူဇင်ဘတ်က ispace ကုမ္ပဏီတို့ထံကနေ လမြေကြီးကို ၁ ဒေါ်လာကနေ ဒေါ်လာ ၁၅၀၀၀ အထိ စျေးပေးကာ နာဆာက ဝယ်မှာပါ။

ဒီကုမ္ပဏီတွေဟာ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တို့မှာ လကမ္ဘာကိုသွားရောက်ဖို့ စီစဉ်ထားတဲ့ လူမဲ့ခရီးစဉ်ကနေ မြေကြီးတွေ ယူလာမှာ ဖြစ်ပါတယ်။ လမြေကြီးအပြင် လပုံရိပ်တွေနဲ့ လပေါ်က အခြား အရာ၀တ္ထုတွေကိုလည်း နာဆာထံ လွှဲပြောင်းပေးမှာပါ။

ဒီလို လွှဲပြောင်းပေးတဲ့ပစ္စည်းတွေဟာ နာဆာရဲ့ Artemis စီမံကိန်းတစ်ခုတည်းမှာ အသုံးပြုဖို့အတွက် ဖြစ်ပါတယ်။

Artemis စီမံကိန်းအရ နာဆာဟာ ၂၀၂၄ ခုနှစ်မှာ လကမ္ဘာပေါ်ကို လူသားစေလွှတ်ကာ အင်္ဂါဂြိုဟ်သွား စီမံကိန်းအတွက် လပေါ်မှာ အခြေစိုက်စခန်းတစ်ခု ဖြစ်လာအောင် စီစဉ်မှာ ဖြစ်ပါတယ်။

နာဆာက တာဝန်ရှိသူ မိုက်ဂိုးလ်ဒ်က ပုဂ္ဂလိက လုပ်ငန်းတွေ လပေါ်မှာ စူးစမ်းရှာဖွေမှုတွေလုပ်ဖို့ ဒီလိုလမ်းကြောင်းချပေးတာဟာ အလွန်အရေးပါတဲ့ ဆောင်ရွက်မှုဖြစ်ပြီး ဒီကနေရတဲ့ ရင်းမြစ်တွေကို အင်္ဂါဂြိုဟ် စူးစမ်းရှာဖွေမှုအတွက် အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“အင်္ဂါဂြိုဟ်ကို လူသားသွားရောက်မယ့် ခရီးစဉ်ဟာ လ​ကမ္ဘာပေါ် သွားရောက်တဲ့ ခရီးစဉ်ထက် စိန်ခေါ်မှုတွေ ပိုရှိပါတယ်။ ဒါ့ကြောင့် လပေါ်က အတွေ့အကြုံတွေကို လေ့လာပြီး အင်္ဂါဂြိုဟ်ခရီးမှာ အသုံးပြုဖို့ အရေးကြီးပါတယ်”

လက်ရှိမှာ အာကာသထဲကအရာတွေနဲ့ပတ်သက်တဲ့ မူပိုင်ခွင့်မရှိသေးဘဲ ဒီကိစ္စအတွက် ဦးဆောင်ဦးရွက်ပြုသူ ဖြစ်လာဖို့ အမေရိကန်က စီစဉ်နေတာဖြစ်ပါတယ်။ အာကာသအင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့က ဒီကိစ္စမှာ အမေရိကန်နဲ့ သဘောထားခြင်း မတိုက်ဆိုင်ပါဘူး။

Ref: Aljazeera

Tags: ,

Comments are closed.