6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၉၊ ၂၀၂၁
M-Media ၏

လူရွှင်တော် မူနာဝါရ် ဖာရူကီ

-အိန္ဒိယနိုင်ငံမှာ ‘အမုန်းတရားက အနိုင်ရသွားပြီး’ မိမိရဲ့ ဖျော်ဖြေတင်ဆက်မှုလည်း အဆုံးသတ်သွားပြီလို့ နာမည်ကျော် တစ်ကိုယ်တော် မွတ်စလင်လူရွှင်တော် မူနာဝါရ် ဖာရူကီက ပြောကြားလိုက်ပါတယ်။

နိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ် ဘန်ဂလူရူမြို့မှာ နိုဝင်ဘာ ၂၈ ရက်နေ့က လုပ်ဖို့စီစဉ်ထားတဲ့ သူ့ရဲ့ ဖျော်ဖြေတင်ဆက်မှုကို ရဲတပ်ဖွဲ့က ပိတ်ပင်လိုက်ပြီးတဲ့နောက် Twitter စာမျက်နှာမှာ ဖာရူကီက ဒီလို ရေးသားခဲ့တာ ဖြစ်ပါတယ်။

“တက်ဆက်မယ့်နေရာ၊ လာကြည့်မယ့် ပရိတ်သတ်တွေအပေါ် ခြိမ်းခြောက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂ လအတွင်း ဖျော်ဖြေပွဲ ၁၂ ခုကို ကျွန်တော်တို့ ဖျက်သိမ်းလိုက်ရပါတယ်”

အပြစ်မရှိဘဲထောင်ချခံရ

ဟိန္ဒူလက်ယာစွန်းရောက်တွေဟာ အခုနှစ် ဇန်နဝါရီလကစလို့ လူရွှင်တော် ဖာရူကီကို ပစ်မှတ်ထား နှောက်ယှက် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

နိုင်ငံအလယ်ပိုင်း မဒ်ယာပရာဒက်ရှ်က အင်ဒိုရီမြို့မှာလုပ်တဲ့ ဖျော်ဖြေတင်ဆက်မှုတစ်ခုမှာ လူသိပ်မသိတဲ့ ဟိန္ဒူဘာသာရေးအဖွဲ့ Hindu Rakshak Sangathan က အဖွဲ့ဝင်တွေ အင်အားပြနှောက်ယှက်ခဲ့တာကြောင့် ဖျော်ဖြေမှုကို ရပ်ဆိုင်းခဲ့ရပါတယ်။

ဖျော်ဖြေပွဲအတွက် အစမ်းလေ့ကျင့်တဲ့အချိန်မှာ ဖာရူကီဟာ ဟိန္ဒူနတ်ဘုရားတွေကို စော်ကားခဲ့တယ်လို့ Hindu Rakshak Sangathan အဖွဲ့ဝင်တွေက ပြောခဲ့ပြီး၊ ပြည်နယ်ကိုအုပ်စိုးတဲ့ ဟိန္ဒူအမျိုးသားရေးပါတီ (BJP) က ထိပ်တန်းနိုင်ငံရေးသမားတစ်ဦးရဲ့သားကလည်း ဖာရူကီတစ်ယောက် ဟိန္ဒူနတ်ဘုရားတွေအပေါ် ‘အဂါရဝစကားဆိုတာ’၊ ပြည်ထဲရေးဝန်ကြီး အေမစ်ရှားကို ဝေဖန်တာတွေ သူကြားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီစွပ်စွဲချက်တွေအတွက် သက်သေခိုင်ခိုင်လုံလုံ ပြနိုင်ခြင်း မရှိပါဘူး။

အဲဒီစွပ်စွဲမှု ပေါ်ထွက်လာပြီးနောက်ပိုင်း ဖာရူကီနဲ့ သူအဖွဲ့ဝင် ၄ ဦး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

အင်ဒိုရီ ရဲတပ်ဖွဲ့က ဖာရူကီရဲ့ မနှစ်မြို့ဖွယ် စကားတွေအတွက် ‘အထောက်အထား ခိုင်ခိုင်မာမာ’ ရှိတယ်လို့ အစောပိုင်းမှာ ပြောကြားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အကြီးတန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖာရူကီဟာ သူ့ရဲ့ ဖျော်ဖြေတင်ဆက်မှုမှာ ‘ဟိန္ဒူနတ်ဘုရားတွေကို စော်ကားပြောဆိုတာမျိုး’ မလုပ်ခဲ့ပေမယ့် ‘လုပ်တော့မယ်’ လို့ ယူဆတဲ့အတွက် ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

အသက် ၃၇ နှစ်အရွယ် ဖာရူကီဟာ သူမလုပ်ခဲ့တဲ့ ကိစ္စတစ်ခုအတွက် ၃၇ ရက် ဖမ်းဆီးချုပ်နှောင်ခြင်းခံခဲ့ရပြီး ဖေဖော်ဝါရီလ တရားရုံးချုပ်က ဖာရူကီအပေါ်တင်ထားတဲ့ စွဲချက်တွေဟာ မခိုင်လုံဘူးလို့ ဆုံးဖြတ်ကာ ယာယီအာမခံပေးတဲ့အတွက် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီအရင် အောက်တရားရုံး ၃ ခုမှာ အာမခံလျှောက်ထားခဲ့ပေမယ့် မရခဲ့ပါဘူး။

နှောက်ယှက်ခံရ

အဲဒီကိစ္စနောက်ပိုင်း ဟိန္ဒူအစွန်းရောက်အဖွဲ့တွေက ဖာရူကီကို တောက်လျှောက် နှောက်ယှက်တိုက်ခိုက်မှုတွေ လုပ်လာတာကြောင့် မွန်ဘိုင်းအပါအဝင် မြို့တော်တော်များများမှာလုပ်မယ့် ဖျော်ဖြေတင်ဆက်ပွဲတွေကို ဖျက်သိမ်းခဲ့ရပါတယ်။

အခုလအစောပိုင်း NDTV သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖာရူကီဟာ သူဟာ တစ်နေ့ကို အကြိမ် ၅၀ လောက် ဖုန်းနဲ့ အသက်န္တရာယ်ခြိမ်းခြောက်တာကို ခံခဲ့ရပြီး အဲဒီအတွက် ဖုန်းနံပါတ် ၃ ခု ပြောင်းခဲ့ရတယ်လို့ ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း အိန္ဒိယနိုင်ငံမှာ စင်ပေါ်တက်ပြက်လုံးထုတ်တဲ့ တစ်ကိုယ်တော်လူရွှင်တော်တွေ လူကြိုက်များ ပေါ်ပြူလာဖြစ်ခဲ့ပေမယ့် ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရပြီးတဲ့ ၂၀၁၄ ခုနှစ်ကစလို အစိုးရကို ဝေဖန်တဲ့ အနုပညာရှင်တွေဟာ နည်းလမ်းပေါင်းစုံနဲ့ နှိပ်ကွပ်ခံခဲ့ရပါတယ်။

အခုလစောပိုင်းတုန်းကလည်း အသက် ၄၂ နှစ်အရွယ် လူရွှင်တော် ဗီရ်ဒက်စ်ဟာ အမေရိကန်နိုင်ငံမှာပြုလုပ်တဲ့ ပြက်လုံးတစ်ခုအတွက် ဟိန္ဒူအမျိုးသားရေးဝါဒီတွေရဲ့ ဝေဖန်နှောက်ယှက်မှုကို အကြီးအကျယ် ခံခဲ့ရပါတယ်။ ဗီရ်ဒက်စ်က သူ့ရဲ့ ဖျော်ဖြေပွဲတစ်ခုမှာ ‘အိန္ဒိယနိုင်ငံ ၂ ခု’ ရှိတယ်ဆိုပြီး ကောင်းတဲ့အချက်တွေနဲ့ မကောင်းတဲ့အချက်တွေကို နှိုင်းယှဉ်ဖော်ပြသွားတာ ဖြစ်ပါတယ်။

တော်လောက်ပြီ

ဖာရူကီရဲ့ ပရိတ်သတ်တွေကတော့ ဆက်လက်အားပေးနေကြောင်း ပြောကြားခဲ့ပြီး ဖျော်ဖြေတင်ဆက်မှုတွေ ဆက်လုပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒါပေမယ့် ဖာရူကီကတော့ သူ့ရဲ့ လူရွှင်တော်ဘ၀ကို အဆုံးသတ်လိုက်ပြီလို့ Twitter စာမျက်နှာမှာ မနေ့က ရေးသားခဲ့ပါတယ်။

“ကျွန်တော်မပြောခဲ့တဲ့ ပြက်လုံးအတွက် ထောင်ထဲထည့်တာ၊ ဘာပြဿနာမှမရှိတဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ပိတ်ပင်တာတွေ ရှိခဲ့တယ်။ ဒါဟာ မတရားတဲ့ကိစ္စပါ။ မူနာဝါရ် ဖာရူကီဆိုတဲ့ အမည်နဲ့ ကျွန်တော် နာမည်တစ်လုံးရခဲ့တယ်။ အံ့ဩစရာကောင်းတဲ့ ပရိတ်သတ်ကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ဒတွေအားလုံး ပြီးဆုံးသွားပါပြီ။ ဂွတ်ဘိုင်ပါ ‘မတရားမှုရေ’ ”

Ref: Aljazeera

Comments are closed.