6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၉၊ ၂၀၂၁
M-Media

-ကိုဗစ်မျိုးကွဲသစ် Omicron ကူးစက်သူတွေဟာ အိမ်မှာ ပျောက်အောင်ကုသလို့ရတဲ့ အပျော့စား ရောဂါလက္ခဏာမျိုးတွေသာ ခံစားရပြီး၊ ဆေးရုံတက်ကုရလောက်တဲ့ ဆိုးဆိုးရွားရွား ရောဂါလက္ခဏာမျိုး မတွေ့ရဘူးလို့ မျိုးကွဲသစ်ကို ပထမဆုံးသတိပြုမိခဲ့တဲ့ တောင်အာဖရိကဆရာဝန်တစ်ဦးက ပြောကြားလိုက်ပါတယ်။

ကိုယ်ပိုင်ဆေးခန်းဖွင့်ထားပြီး တောင်အာဖရိက ဆေးဘက်ဆိုင်ရာအသင်းရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဒေါက်တာ အိန်ဂျလီ ကော့ဇ်ဇီဟာ နိုဝင်ဘာ ၁၈ နေ့ကတည်းကစပြီး သူ့ဆီမှာလာပြတဲ့ လူနာတွေကနေတစ်ဆင့် ကိုဗစ်မျိုးကွဲသစ်ကို ပထမဆုံး သတိပြုမိခဲ့တာဖြစ်ပါတယ်။

Omicron ကူးစက်ပြီး သူ့ဆီကို ရောက်လာတဲ့ လူနာတွေမှာ အပျော့စားရောဂါလက္ခဏာမျိုးတွေသာ တွေ့ရပြီး၊ ဆေးရုံတက်ရလောက်အောင် ပြင်းထန်တာမျိုးမရှိဘဲ၊ အိမ်မှာသာ ပျောက်ကင်းအောင် ကုသနိုင်တဲ့ အနေအထားမျိုးဖြစ်တယ်လို့ သူမက ဆိုပါတယ်။

“အများစုက ပင်ပန်းပြီး အားမရှိသလိုခံစားရတာ ၁ ရက် ၂ ရက်လောက်ရှိလို့ လာပြတာလို့ ပြောကြတယ်။ ခေါင်းကိုက်တာ၊ ခန္ဓာကိုယ် ကိုက်ခဲတာနာကျင်တာတွေကိုလည်း သူတို့ ခံစားရပါတယ်”

ကူးစက်သူတွေဟာ အသက် ၄၀ အောက်သာဖြစ်ကြပြီး Delta တုန်းကလို အနံ့ပျောက်တာ၊ အောက်ဆီဂျင် ရုတ်တရက် ထိုးကျသွားတာမျိုးတွေ မတွေ့ရကြောင်း၊ သူ့ဆီရောက်လာတဲ့ လူနာတွေရဲ့ ထက်ဝက်လောက်က ကာကွယ်ဆေးမထိုးရသူတွေဖြစ်ကြောင်းလည်း အိန်ဂျလီ ကော့ဇ်ဇီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေကစပြီး ပင်ပန်းနွမ်းနယ်တဲ့ လူနာတွေ ရုတ်တရက် အများအပြား လာပြတာကြောင့် အိန်ဂျလီ ကော့ဇ်ဇီဟာ တောင်အာဖရိက ကူးစက်ရောဂါဌာနကို အကြောင်းကြားခဲ့ပါတယ်။

အဲဒီနောက် နိုဝင်ဘာ ၁၄ ရက်နေ့ကနေ ၁၆ ရက်အထိ ရယူထားတဲ့ နှာခေါင်းတို့ဖတ်တွေကို စစ်ဆေးရာကနေ ကိုဗစ်မျိုးကွဲသစ်ဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့မှာ တောင်အာဖရိက ကျန်းမာရေးဝန်ကြီးဌာနက ကြေငြာချက်ထုတ်ပြန်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီကိုဗစ်မျိုးကွဲသစ်ကို Omicron လို့ အမည်ပေးခဲ့ပါတယ်။

လက်ရှိမှာ Omicron ကူးစက်မှုကို ကမ္ဘာ့နိုင်ငံပေါင်း အနည်းဆုံး ၁၀ ခုလောက်မှာ တွေ့လာရပါတယ်။ မျိုးကွဲသစ်ဟာ ကူးစက်မှုဘယ်လောက်အထိ မြန်ဆန်လဲ၊ အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိလား၊ လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေ တိုးပါ့မလားဆိုတာနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတွေက လေ့လာဆန်းစစ်နေပြီး လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာ ထုတ်ပြန်နိုင်ဖွယ်ရှိနေပါတယ်။

Ref: Reuters

Comments are closed.