6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၆၊ ၂၀၂၂

M-Media

-စီးပွားရေးအကြပ်အတည်းကို အကြီးအကျယ်ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနဲ့ ပါကစ္စတန်နိုင်ငံတို့ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အတုယူလုပ်ဆောင်သင့်တယ်လို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။ 

သီရိလင်္ကာနိုင်ငံဟာ စီးပွားရေးအကြပ်အတည်း၊ နိုင်ငံခြားအရန်ငွေ ပြတ်လပ်မှုကြောင့် ဒေ၀ါလီခံကြောင်း အစိုးရက အခုလအတွင်းမှာ ကြေငြာခဲ့သလို၊ ပါကစ္စတန်မှာလည်း စီးပွားရေး ကျဆင်းမှု၊ ငွေကြေးဖောင်းပွမှုတွေကြောင့် ၀န်ကြီးချုပ် အင်မရန်းခန်း ပြုတ်ကျကာ နိုင်ငံရေး မတည်မငြိမ် ဖြစ်နေပါတယ်။

တောင်အာရှက အိမ်နီးချင်းနိုင်ငံတွေ ဒီလို အခက်အခဲ ကြုံနေရတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်ကတော့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နယ်ပယ်စုံမှာ တိုးတက်မှုတွေနဲ့ ရှေ့ကို ဆက်လက်ချီတက်နေပါတယ်။

၁၉၇၂ ခုနှစ် လွတ်လပ်ရေးရကာစက အနာဂတ်မရှိတဲ့ တိုင်းပြည်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဟင်နရီကစ်ဆင်ဂျာရဲ့ ချိုးချိုးနှိမ်နှိမ် အပြောခံရတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ပြီးခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်း အကြီးအကျယ် တိုးတက်မှုတွေနဲ့အတူ ကမ္ဘာ့ စီးပွားရေးအကြီးဆုံး နိုင်ငံ ၄၀ စာရင်းထဲ ပါလာခဲ့ပြီ ဖြစ်ပါတယ်။ 

ဒီကနေ့မှာတော့ ၂၁ ရာစု ဖွံ့ဖြိုးတိုးတက်မှု ပြယုဂ်အဖြစ် နိုင်ငံတကာပညာရှင်တွေ ဥပမာပေးပြောရတဲ့နိုင်ငံမျိုး ဖြစ်လာပါပြီ။

အထည်ချုပ်လုပ်ငန်း


ဘင်္ဂလားဒေ့ရှ်ဟာ တရုတ်ပြီးရင် ကမ္ဘာမှာ ဒုတိယအကြီးဆုံး အထည်ချုပ်လုပ်ငန်းကို ပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုမှာ အထည်ချုပ်လုပ်ငန်းက အဓိကျတဲ့ အခန်းကဏ္ဍမှာ ပါ၀င်ပါတယ်။

ပြီးခဲ့တဲ့ ၇ နှစ်အတွင်း အထည်ချုပ်လုပ်ငန်းကနေ ရရှိတဲ့၀င်ငွေဟာ ကန်ဒေါ်လာ ၁၉ ဘီလီယံကနေ ၃၄ ဘီလီယံအထိ ရှိလာပြီး ၇၉ ရာခိုနှုန်း မြင့်တက်လာတာပါ။ 

ပြည်ပတင်ပို့မှုကို ရှေ့ရှုတဲ့ မူ၀ါဒကြောင့် ၁၉၉၀ ပြည့်နှစ်တွေက စတင်ခဲ့တဲ့ စီးပွားရေးတိုးတက်မှုနဲ့အတူ အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးလာတာဖြစ်ပြီး လက်ရှိ ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်ပပို့ကုန် ၇၇ ရာနှုန်းဟာ အထည်ချုပ်လုပ်ငန်းက ဖြစ်ပါတယ်။  

LDC က လွတ်မြောက်မည်


ပါကစ္စတန်ကနေ ခွဲထွက်ပြီး လွတ်လပ်တဲ့နိုင်ငံထူထောင်တဲ့ ၁၉၇၂ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်ဟာ လူတစ်ဦးချင်း ၀င်ငွေအနည်းဆုံး ဆင်းရဲတဲ့တိုင်းပြည်အဖြစ် ချဒ်၊ ရ၀မ်ဒါ၊ ဘူရန်ဒီ နီပေါတို့နဲ့အတူ သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်ပေါင်း ၂၀ အတွင်း ဆင်းရဲမွဲတေမှုဟာ ၄၃.၅ ရာခိုင်နှုန်းကနေ ၁၄.၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ 

ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်လာတာကြောင့် ဘင်္ဂလားဒေ့ရှ်ဟာ ကုလရဲ့ ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများစာရင်း LDC ကနေ ၂၀၂၆ ခုနှစ်မှာ လွတ်မြောက်တော့မှာဖြစ်ပြီး ၀င်ငွေအလယ်အလတ်ရှိတဲ့ တိုင်းပြည်အဖြစ် ရပ်တည်နိုင်တော့မှာ ဖြစ်ပါတယ်။ 

NGO များ၏ အခန်းကဏ္ဍ 


ဘင်္ဂလားဒေ့ရှ်ရဲ့ တိုးတက်မှုမှာ အကူအညီပေးရေးအဖွဲ့အစည်း NGO တွေရဲ့ အခန်းကဏ္ဍကလည်း အဓိကကျပါတယ်။ 

NGO တွေရဲ့ ကြိုးပမ်းမှုကြောင့် ကလေးငယ်တွေ စာတတ်မြောက်မှုနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ တိုးတက်လာသလို၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေလည်း ဖွံ့ဖြိုးလာပါတယ်။ 

ဘင်္ဂါလီ ပရဟိတသမား နိုဘယ်ဆုရှင် မိုဟာက်ယူနွတ် တည်ထောင်တဲ့ ‘ယူနွတ်စင်တာ’ (Yunus Centre) ဟာ ထင်ရှားပြီး စီးပွားရေး တိုးတက်မှုနဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးမှာ အထောက်အကူအများကြီး ဖြစ်စေခဲ့ပါတယ်။

ဒစ်ဂျစ်ကဏ္ဍ


နည်းပညာကဏ္ဍ အားကောင်းလာမှုကလည်း ဘင်္ဂလားဒေ့ရှ် ဖွံ့ဖြိုး တိုးတက်လာမှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ တောင်အာရှမှာ အိုင်တီအချက်အခြာနိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံထားရတာပါ။  

အစိုးရဟာ မြို့ပြတောရွာ အားလုံးမှာ ဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေး အဆင်ပြေပြေသုံးစွဲနိုင်အောင် စီစဥ်ပေးထားပါတယ်။ 

ကမ္ဘာ့ဒစ်ဂျစ်တယ်လုပ်သားအင်အား များပြားတဲ့ နိုင်ငံစာရင်းမှာ ဘင်္ဂလားဒေ့ရှ် ပါ၀င်ပြီး၊ အွန်လိုင်းလုပ်သား ဒုတိယအများဆုံး နိုင်ငံ ဖြစ်ပါတယ်။ အွန်လိုင်းမှာ အိုင်တီနဲ့ အသက်မွေးတဲ့ freelance နည်းပညာသမား ၅ သိန်းရှိပြီး တစ်နှစ်ကို ကန်ဒေါ်လာ သန်း ၁၀၀ လောက် ၀င်ငွေရှိပါတယ်။

နိုင်ငံခြားကို ဆော့ဖ်၀ဲရောင်းတာလို digital export လုပ်ငန်းကို လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက ဘင်္ဂလားဒေ့ရှ်မှာ စတင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ 

GDP နှင့် လူ့အဖွဲ့အစည်း တိုးတက်မှု


ဘင်္ဂလားဒေ့ရှ်ဟာ လူဦးရေရော၊ စီးပွးရေးအင်အားရော ကြီးမားတဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံကြားမှာ ရှိနေတာပါ။ 

အိန္ဒိယဟာ ကမ္ဘာ့ စီးပွားရေးအင်အားအကောင်းဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ထက် စီးပွားရေးအင်အား ၁၀ ဆ ကျော် ကြီးပါတယ်။ 

ဒါပေမယ့် တစ်ဦးချင်း ဂျီဒီပီမှာ ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယကို ကျော်သွားတာ ၂ နှစ် ရှိသွားပါပြီ။ အမျိုးသမီးတွေ စာတတ်မြောက်မှုနှုန်း၊ အသက် ၅ နှစ်အောက် ကလေးငယ်တွေ သေဆုံးမှုနှုန်းကျဆင်းမှု စတဲ့ အခြား လူမှုရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အချက်အလက်တွေမှာတော့ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယထက် သာလွန်နေခဲ့ပြီ ဖြစ်ပါတယ်။ 

Comments are closed.