6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နို၀င်ဘာ ၂၄၊ ၂၀၂၂
M-Media

-၂၀၀၇ ခုနှစ် အာဖဂန်မှာ နယ်သာလန်တပ်ဖွဲ့တွေ ဗုံးကြဲမှုဟာ ဥပဒေချိုးဖောက် ဆောင်ရွက်မှုဖြစ်တယ်လို့ နယ်သာလန်တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အာဖဂန်ပြည်သူတွေကို နယ်သာလန်အစိုးရက နစ်နာကြေးပေးဖို့လည်း တရားရုံးရဲ့ မနေ့က ဆုံးဖြတ်ချက်မှာ ပါ၀င်ပါတယ်။

၂၀၀၇ ခုနှစ် ဇွန် ၁၇ ရက်နေ့ ညဖက်မှာ အာဖဂန်နိုင်ငံအရှေ့ပိုင်း အူရူဇ်ဂန်ပြည်နယ်က လူနေတိုက်ခန်းတစ်ခုကို နယ်သာလန်စစ်တပ်က F-16 လေယာဥ်တွေက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

တိုက်ခိုက်မှုဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ဆောင်ရွက်မှု ဖြစ်တယ်လို့ အသက်ရှင်ကျန်ရစ်သူ မိသားစုတစ်ခုက နယ်သာလန် သယ်ဟေ့ဂ်မြို့က တရားရုံးမှာ ၂၀၂၀ ခုနှစ်အတွင်း စတင် တရားစွဲဆိုခဲ့တာပါ။

နယ်သာလန်စစ်တပ်ကတော့ အဆောက်အဦးထဲမှာ တာလီဘန်တိုက်ခိုက်ရေးသမားတွေ ရှိနေတဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ လျှောက်လှဲချက် ပေးပါတယ်။

တရားရုံးက စစ်တပ်ဟာ ဒီအဆောက်အဦးကို သေချာလေ့လာခြင်းမပြုခဲ့ဘဲ၊ တာလီဘန်တိုက်ခိုက်ရေးသမားတွေ ရှိတယ်ဆိုတဲ့ ပြောချက်ဟာ မခိုင်လုံတဲ့ အတွက် ဥပဒေချိုးဖောက် တိုက်ခိုက်မှု ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရသူတွေအတွက် နစ်နာကြေးပေးဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ပါ၀င်ပြီး ငွေပမာဏကိုတော့ နောက်ပိုင်းမှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

Ref: Aljazeera

Tags:

Comments are closed.