5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၁၃၊ ၂၀၂၃

M-Media 


-ဆူဖီယန် ဆူမာမိုင်လီကို သူ့ရဲ့ အမည်အရင်းမဟုတ်ဘဲ ‘အဘူ ဆလ်၀ါ’ ဆိုပြီး လူတွေက သိကြပါတယ်။ ‘ဆလ်၀ါတို့၏ ဖခင်’ လို့ အဓိပ္ပါယ်ရပါတယ်။အသက် ၄၂ နှစ်အရွယ် ဆူဖီယန်ဟာ စင်ကာပူမှာ မွေးဖွားကြီးပြင်းခဲ့ပြီး စာပန်းချီအနုပညာမှာ ပါရမီရင့်သန်သူပါ။ 

ကုရ်အာန်ကျမ်းပိုဒ်တွေကို အနုပညာလက်ရောက်မြောက် ချယ်သရေးသားပြီး ရောင်းချတဲ့  ArtSalwa ဆိုတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင်ထားပါတယ်။ 

ဒီဇိုင်းဆန်းသစ်မှု ပြောင်မြောက်တဲ့ အစ္စလာမ့်စာပန်းချီလက်ရာ၊ သက်သာတဲ့စျေးနှုန်းတွေကြောင့် စင်ကာပူက မလေးမွတ်စလင်အသိုင်းအ၀ိုင်းမှာ ဆူဖီယန်ရဲ့လက်ရာက ကျော်ကြားပါတယ်။ 

ဆူဖီယန်ဟာ အရင်တုန်းက စာရေးကိရိယာဖြန့်ချီရေးလုပ်ငန်းကို ပိုင်ဆိုင်ပါတယ်။ နောက်ပိုင်း ဒီဇိုင်းနဲ့ စာပန်းချီအနုပညာကို စိတ်၀င်စား လေ့လာရာကနေ အခုလုပ်ငန်းသစ်ကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့လက်ရာဟာ အာရဘီစာလုံး ဒီဇိုင်းတွေကို ခေတ်ပေါ်စတိုင်၊ ဒေသတွင်း အနုပညာဟန်ပန်တွေနဲ့ ပေါင်းစပ်ဖန်တီးတာပါ။ 

“ကျွန်တော်က အနုပညာကို ချစ်မြတ်နိုးတယ်။ ငယ်ငယ်ကတည်းက အရုပ်တွေဘာတွေနဲ့မဆော့ဘူး။ ပုံပဲထိုင်ဆွဲနေတာ။ မိဘတွေကလည်း ပံ့ပိုးပေးပါတယ်။ တီထွင်ဆန်းသစ်မှုတွေနဲ့ ကြီးလာတယ်လို့ ပြောလို့ရပါတယ်”

ဆူဖီယန်ဟာ ပုဂ္ဂလိက အနုပညာကျောင်းတွေမှာ ကာလတိုသင်တန်းတွေတက်ပြီး ပညာကို စုဆောင်းခဲ့တာ ဖြစ်ပါတယ်။ 

အားလပ်ချိန်မှာ လိုဂိုဒီဇိုင်းတွေ တစ်နိုင်တစ်ပိုင် ရေးဆွဲပေးရာကနေ ဒီဇိုင်းလောကထဲ ၀င်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာ ဂရပ်ဖစ်ဒီဇိုင်နာအဖြစ် ကုမ္ပဏီတစ်ချို့မှာ ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။  

စာရေးကိရိယာကုမ္ပဏီတစ်ခုမှာ ဒီဇိုင်နာအဖြစ် ၀င်လုပ်ပြီးတဲ့နောက် အခန်းငှားကာ စာရေးကိရိယာဆိုင် ဖွင့်နိုင်လာခဲ့ပြီး ဆူဖီယန်ဟာ ကိုယ်ပိုင်ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ စာရေးကိရိယာတွေကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ 

အိမ်မှာချိတ်ဆွဲဆင်ယင်ဖို့ အစ္စလာမ့်အနုပညာလက်ရာတွေကို ရှာဖွေ၀ယ်ယူရာမှာ အကန့်အသတ်ရှိနေတာကို ဆူဖီယန်က သတိထားမိသွားပြီး ၂၀၁၅ ခုနှစ်မှာ ArtSalwa လုပ်ငန်း စတင်ထူထောင်ခဲ့ပါတယ်။ 

“အိမ်မှာချိတ်ဖို့ အစ္စလာမ့်အနုပညာလက်ရာတွေကို ကျွန်တော် လိုက်ရှာတယ်ဗျ။ အဲဒီတော့မှ စင်ကာပူမှာ ဒီလိုပစ္စည်းတွေ ရှားပါးပြီး ရှိတဲ့ဟာတွေကလည်း သိပ်မလှတာကို သွားတွေ့တယ်”

“အဲဒီနောက်ပိုင်း ကျွန်တော့်ရဲ့ ကိုယ်ပိုင် အစ္စလာမ့်စာပန်းချီတွေကို ဖန်တီးပြီး ရောင်းကြည့်တယ်။ လူတွေ စိတ်၀င်စားပြီး အမှာလည်း များလာပါတယ်။ ဒါက ကျွန်တော့်အတွက် တွန်းအားဖြစ်စေခဲ့ပြီး နောက်ပိုင်းမှာ ပြည်တွင်းအတွက် အစ္စလာမ့်မစ် စာပန်းချီလက်ရာတွေကို ပိုဖန်တီးဖြစ်လာတယ်။ စီးပွားရေးဆိုတာထက် အနုပညာကို ချစ်တဲ့စိတ်နဲ့ လုပ်ဖြစ်တာပါ”

ဒီဇိုင်းဆန်းဆန်းတွေ ဖန်တီးဖို့အတွက် ဆူဖီယန်ဟာ စာပန်းချီ၊ သမိုင်းကြောင်း၊ အိမ်တွင်းဒီဇိုင်း စတာတွေနဲ့ပတ်သက်တဲ့ စာအုပ်တော်တော်များကို လေ့လာဖတ်ရှုရပါတယ်။ 

“အဲဒီနောက် ကျွန်တော့်ရဲ့ ဂရက်ဖစ်ဒီဇိုင်း အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ကျမ်းစာစာပန်းချီတွေကို ဖန်တီးရပါတယ်။ မူရင်းရှေးဟောင်းလက်ရာ မပျောက်အောင် ဖန်တီးရတာရှိသလို၊ ၀ယ်သူတွေကို စွဲဆောင်နိုင်ဖို့အတွက် ခေတ်ပေါ်ဒီဇိုင်းတွေကို တီထွင်ရတာလည်း ရှိပါတယ်”

ဖန်တီးမှုတွေ မပြုလုပ်ခင်မှာ အစ္စလာမ် ဘာသာရေးဆရာတွေနဲ့ တိုင်ပင်ရတာမျိုး ရှိတယ်လို့လည်း ဆူဖီယန်က ပြောပါတယ်။ 

သူဟာ ရေဆေး၊ ဆီဆေး၊ သစ်ထွင်းပန်းပု၊ လေဆာပစ်နည်းလမ်း စသဖြင့် နည်းလမ်းမျိုးစုံနဲ့ စာပန်းချီတွေကို ဖန်တီးနေတာ ဖြစ်ပါတယ်။ 

Ref: CNA

Tags:

Comments are closed.