6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်၀ါရီ ၄၊ ၂၀၂၃

M-Media


-ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမေရိကန်ပြည်ထောင်စု မွန်တားနားပြည်နယ်မှာ တရုတ်ရဲ့ စပိုင်မိုးပျံပူဖောင်းတစ်ခုကို တွေ့ခဲ့ရပြီး ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အမေရိကန်အာဏာပိုင်တွေ အကြပ်ရိုက်နေပါတယ်။ 

ဒီပူဖောင်းတွေဟာ ကောင်းကင်က အလွန်မြင့်တဲ့နေရာမှာ ပျံသန်းပြီး မြေပြင်အချက်အလက်တွေကို ရယူနိုင်စွမ်းရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ မွန်တားနားပြည်နယ်ဟာ မဟာဗျူဟာမြောက် ဒုံးကျည်စခန်းတွေ တည်ရှိတဲ့ ဒေသပါ။ 

အမေရိကန်တိုက်လေယာဥ်တွေ ပျံတက်ပြီး ဒီပူဖောင်းကို စောင့်ကြည့်ခဲ့ကြပေမယ့် ပစ်ချတာမျိုးတော့ မလုပ်ခဲ့ပါဘူး။ ပစ်လိုက်ရင် မီးလောင်ပျက်ကျကာ မြေပြင်မှာရှိနေတဲ့သူတွေ အန္တရာယ်ရှိနိုင်တဲ့အတွက် ဖြစ်ပါတယ်။ 

ကနေဒါကာကွယ်ရေး၀န်ကြီးကလည်း သူတို့ပိုင်နက်ထဲမှာ ထောက်လှမ်းရေး မိုးပျံပူဖောင်းတစ်ခုကို တွေ့ရှိခဲ့ပြီး နောက်တစ်ခု တွေ့နိုင်ခြေရှိတဲ့အတွက် အမေရိကန်နဲ့ ဆက်သွယ်ဆွေးနွေးမှုတွေ လုပ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။ 

လက်တင်အမေရိကမှာလည်း တရုတ်ရဲ့ အလားတူ စပိုင်ပူဖောင်းကို တွေ့ရတယ်လို့ အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ဉာဏ်ရည်တု(AI)ဖြင့် ထိန်းချုပ် 

———————-

တတ်သိပညာရှင်များအဖွဲ့ Marathon Initiative ရဲ့ ကျွမ်းကျင်သူ ၀ီလီယံကင်က ဒီပူဖောင်းတွေဟာ အချက်အလက် ထောက်လှမ်းရယူရေးမှာ အလွန်အရေးပါတယ်လို့ ပြောပါတယ်။ 

မိုးလေ၀စောင့်ကြည့်ရေးပူဖောင်းလို့ ထင်ရပေမယ့် တစ်ကယ်တမ်းမှာ ဒီထက်ပိုတယ်လို့ ဆိုပါတယ်။ 

ဆိုလာပြာကနေ ပါ၀ါပေးပြီး မြေပြင်ကနေ ထိန်းချုပ်ကာ အချက်အလက် ထောက်လှမ်းရယူနိုင်မယ့်စနစ်၊ အမေရိကန်တောင် အသုံးမပြုသေးတဲ့ အဆင့်မြင့် ဉာဏ်ရည်တု မောင်းနှင်စနစ်တွေ ပါ၀င်ပါတယ်။ 

ဉာဏ်ရည်တုဟာ ပတ်၀န်းကျင်မှာရှိတဲ့ လေထုရဲ့အခြေအနေကိုလိုက်ပြီး လမ်းကြောင်းပြောင်းတာ၊ အနိမ့်အမြင့် ဆင်းတက်တာတွေ ပြုလုပ်နိုင်ပါတယ်။ 

ဖျက်ဆီးဖို့ မလွယ်

—————-

ဂြိုဟ်တုတွေဟာ မြေပြင် ဒါမှမဟုတ် အာကာသကနေ ဖျက်ဆီးဖို့ လွယ်ပေမယ့် မိုးပျံပူဖောင်းတွေမှာ ဒီလိုလုပ်လို့မရတဲ့ အားသားချက်တွေ ရှိတယ်လို့ ၀ီလီယံကင်က ပြောပါတယ်။ 

ပထမဆုံးတစ်ချက်က ပူဖောင်းတွေဟာ သတ္တုမဟုတ်တဲ့အတွက် ရေဒါမှာ မပေါ်သလို၊ ပူဖောင်းမှာ တပ်ဆင်ထားတာတွေဟာ သေးနေရင် မျက်စိနဲ့မြင်ရဖို့ မလွယ်ပါဘူး။ 

ဂြိုဟ်တုတွေဟာ ပတ်လမ်းမှာ လှည့်ပတ်သွားလာနေရပြီး ပူဖောင်းကတော့ လေပေါ်က နေရာတစ်ခုတည်းမှာ အချိန်ကြာကြာ ရပ်ထားနိုင်ပါတယ်။ ဒါဟာ အချက်အလက်ရယူတာ၊ ဓာတ်ပုံရိုက်တာတို့အတွက် ပိုမိုလွယ်ကူပါတယ်။ 

ကင်က တရုတ်ရဲ့ စပိုင်ဒီပူဖောင်းတွေဟာ တစ်ခြားနိုင်ငံတွေမှာ အချက်အလက်ရယူဖို့ လွှတ်ထားပြီး ချို့ယွင်းချက်ဖြစ်ကာ အမေရိကန်ပိုင်နက်ထဲ ၀င်လာတာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ 

ဒီပူဖောင်းတွေဟာ ပုံမှန်အားဖြင့် ကောင်းကင်အမြင့် ကီလိုမီတာ ၂၀ ကနေ ၃၀ ကြားမှာ ရှိတတ်ပေမယ့် အခု အမေရိကန်မှာတွေ့ရတဲ့တစ်ခုက ၁၄ ကီလီမိုတာအမြင့်မှာသာ ရှိနေပါတယ်။ 

ကင်က ၁၄ ကီလိုမီတာဟာ အရမ်းနိမ့်လွန်းနေပြီး လူမမြင်အောင်၊ ပစ်ချလို့မရအောင် လွှတ်ထားချင်ရင် ဒီထက်ပိုမြင့်မြင့်မှာ ရှိရမယ်လို့ ဆိုပါတယ်။ 

ပူဖောင်းထဲမှာ ဟီလီယံဓာတ်ငွေ့ ထည့်ထားတာကြောင့် တိုက်လေယာဥ်တွေနဲ့ ပစ်ချရင် မီးလောင်ပျက်ကြမှာဖြစ်ပြီး မြေပြင်ကလူတွေကို ထိခိုက်နိုင်ခြေ ရှိပါတယ်။ 

ပူဖောင်းကကြီးလွန်းတဲ့အတွက် အပေါက်ဖောက်လိုက်ရင်လည်း မြေပြင်ပေါ်ကြဖို့ သီတင်းပတ်နဲ့ချီ ကြာမှာဖြစ်ပါတယ်။ မြေပြင်က၀ေဟင်ပစ် ဒုံးကျည်တွေနဲ့ ပစ်ခတ် ဖျက်ဆီးနိုင်ပေမယ့် ပူဖောင်းသွားနှုန်း အလွန်နှေးလွန်းတဲ့အတွက် ဒုံးခွင်းစနစ်က တိတိကျကျ ပစ်နိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ 

Ref: AFP 

Tags: ,

Comments are closed.