6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ၊ ၃၀၊ ၂၀၁၂

M-Media

မိုးရဲဆောင်းရဲ

တွေးမိတွေးရာလေးတွေပါ…

ဇွန်လ ရခိုင် တောင်ကုတ်ကိစ္စတွေအပြီး ဇွန်လ ၁၀ ရက်နေ့မှာ မလေးရှား ကွာလာလမ်ပူကို Financial Training တခု သွားတက်ရပါတယ်… လွန်ခဲ့တဲ့ ၂လလောက်ကတည်းက စာရင်းသွင်းငွေသွင်းပီးသား Training ပါ… အတူသွားရတာက ဗုဒ္ဒဘာသာ ညီမလေးတစ်ယောက်နဲ့ပါ… အဲဒီ ညီမလေးနဲ့လက်ထပ်မယ့် ရခိုင်သားမောင်လေးက လေဆိပ်မှာကျွန်မကိုအထပ်ထပ် အပ်ပါတယ်…
“အစ်မ စိတ်ချမယ်နော်… ကျွန်တော့်ညီမလေးကို အမလက်ထဲအပ်ပါတယ် စောင့်ရှောက်ပေးပါတဲ့…”

ကျွန်မတို. Ampang Point နားမှာ တည်းပါတယ်… Training နေရာက Myanmar Embassy နားက Lanson Place Ambassador Row Residences မှာပါ… ရောက်တဲ့ညမှာပဲ ရခိုင်တွေကိုမလေးမွတ်စလင်တွေက ဓါးနဲ့လိုက်ခုတ်တယ်… အဲနောက်တော့ မဟုတ်ဘူး မွတ်စလင်တွေကိုရခိုင်တွေကလိုက်သတ်တာ ဆိုပီးသတင်းတွေကြားပါတယ်… ကျွန်မတို့တည်းတဲ့ Ampang နားမှာလည်း ရခိုင်တွေနေတာ များတယ်လို့လည်း သိရပါတယ်… မနက် မိုးလင်းတော့ မနက်စာကို ဟိုတယ် အောက်ထပ်က ဟိုတယ် စားသောက်ဆိုင်မှာ စားရပါတယ်…

ကျွန်မနဲ့အတူသွားတဲ့ ညီမလေးက မျက်စိမျက်နှာပျက်ပီး မစားနိုင်ပါဘူး… မြန်မြန်သွားရအောင်လို့ပဲ လောနေပါတယ်… ဘာဖြစ်လို့လဲညီမလေး ဆိုတော့ ညီမလေးက ဗမာဆိုတော့ မလေးမွတ်စ်လင်တွေ ဓါးနဲ့လာခုတ်မှာ ကြောက်လို့တဲ့… ပြီးတော့ မှတ်တိုင်၂ခုလောက်ပဲရှိလို့ ဘတ်စ်နဲ့သွားရအောင်ဆိုတာကို မွတ်စလင် ကြားထဲမသွားရဲဘူးမမ… Taxi နဲ့ပဲသွားရအောင်… ညီမလေးကိုဗမာဆိုပီးတခုခုလုပ်လိုက်မှာ ကြောက်လို့တဲ့… ကျွန်မကိုတောင် သူကပြောလိုက်သေးတယ် မမက မြန်မာပြည်မှာဆိုရင်တော့ မွတ်စ်ပေါ့တဲ့ ဒါပေမယ့်မလေးမှာတော့ မမကဗမာပြည်ကလာတာပဲ… မမလည်းသတိထားပါတဲ့… ကျွန်မတောင် ကြောက်ချင်သလိုလို ဖြစ်သွားပါတယ်… ဒါနဲ့ပဲ မလေးတကျပ်လောက်ကုန်မယ့် ခရီးကို နေ့တိုင်း ၁၅ကျပ်လောက် အကုန်ခံပီး Taxi နဲ့သွားရပါတယ်…

Twins Tower သွားရအောင်ဆိုလဲ သူ့မှာကြောက်… သူဘာဆောင်ထားလဲဆိုတော့ ပုဝါလေးတထည် ဆောင်ထားပါတယ်… ဘာလုပ်တာလဲ ညီမလေးဆိုတော့ ဆန္ဒပြတဲ့လူအုပ်တွေ့ရင် ကုလားမလေးနဲ့တူအောင် ပုဝါခြုံမလို့တဲ့… ကျွန်မမှာ ငိုအားထက်ရီအားသန် ဖြစ်ရပါသေးတယ်… ကျွန်မတို့Training တက်မယ့်ဟိုတယ်နားက Myanmar Embassy ကို ဆန္ဒလာပြမယ်လို့ ကြားနေတာကိုး…

ကျွန်မတို့ကလည်း ကွာလာလမ်ပူမှာလည်မယ်ဆိုပီး လက်မှတ်ကို Training ပြီး ၂ရက်နေမှပြန်မယ်ဆိုပီးကြိုဖြတ် ထားကြတော့ဒုက္ခများပါလေရော… လက်မှတ်ကလည်း ရက်ပြောင်းချင်ရင် ၄၂ ဒေါ်လာ ထပ်ပေးရမယ်တဲ့… နှမြောလည်းနှမြော လည်လဲလည်ချင်တယ်ဆိုတော့ အဲဒီညီမလေးမှာ ကြောက်လို့ မြို့ထဲမှာမလည်ရဲရှာပါ… မြို့ပြင်ဖြစ်တဲ့ Sunway Lagoon ကိုတရက် Genting Highland ကိုတရက်သွားခဲ့ရပါတယ်… သောကြာနေ့က Sunway မှာ တနေကုန်နေကြပီး သံရုံးရှေ့မှာဆန္ဒပြပွဲတွေပြီးပြီဆိုမှ ကျွန်မတို့ပြန်လာခဲ့ကြပါတယ်…

ဒီညီမလေးက အလကား ရှာကြံကြောက်နေတာလို့ ကျွန်မအပြစ် မတင်ရက်ပါဘူး… ဒါဖြစ်လေ့ဖြစ်ထရှိတတ်တာပဲ…

ဒီလိုနဲ့ရက်တွေကြာလာ လတွေကြာလာပြီးတော့ အခုရက်ပိုင်းမှာပြသနာတွေကပိုပိုဆိုးလို့လာပါတယ်… ကြားရတဲ့သတင်းတွေ ဒုက္ခတွေကြောင့် ကျွန်မတို့တွေလဲ Stress တွေအင်မတန်များကြပါတယ်… အိပ်ရေးတွေပျက်ပါများလို့ ဒီနေ့ကျွန်မ ခွင့်ယူလိုက်ပါတယ်… နားမလို့ပါဆိုကာမှ ရုံးကအရေးကြီးလို့ဖုံးဆက်ခေါ်ပါတယ်… ကျွန်မလည်း နေ့လည်ထမင်းစားပီးမသွားမဖြစ် သွားရပါတယ်… ထုံးစံအတိုင်း အလုပ်တွေ ရှုပ်နေလို့ ည ၇ နာရီမှာ Taxi နဲ့ပြန်လာပါတယ်… ကြုံတုန်းကြော်ငြာဝင်ရမယ်ဆိုရင်တော့ ကျွန်မဟာလုံးဝကြောက်တတ်တဲ့ သူမျိုးမဟုတ်ပါဘူး… တခါတခါ ည ၁၀ နာရီaလာက်မှရုံးကနေ အိမ်ပြန်တတ်ပါတယ်… အဲဒီတုန်းကတော့ ကိုယ့်ဟာကိုကားမောင်းပြန်တာပေါ့…

ဒီနေ့တော့ မိုးချုပ်တဲ့အချိန်မှာ ပထမဆုံး Taxi နဲ့ပြန်တာပါ… သူငယ်ချင်းတွေဆီက ဖုံးတွေကလဲတရစပ် လာနေတော့ ကျွန်မတို့ဘာသာ ထုံးစံအတိုင်း “အပ်စလာမိုအာလိုင်ကွန်း” ဆိုပီးမှ ကျွန်မစကားစပြောတာပေါ့လေ… ဟိုတစ်ယောက်ဆီကလာလိုက် အပ်စလာမိုအာလိုင်ကွန်း ပြောလိုက် … ဒီတစ်ယောက်ဆီဆက်လိုက် အပ်စလာမိုအာလိုင်ကွန်းပြောလိုက်နဲ့ လုပ်နေရင်းဖိတ်စာတခုဝင်ယူစရာရှိလို့ ကားမောင်းသူကို ဘယ်လမ်းကပြန်မှာလဲဟင် ဆိုပီးလှမ်းမေးလိုက်တော့ ကားမောင်းတဲ့ သူက ရခိုင်သံဝဲ၀ဲနဲ့ ဥိးဝိစာရကလို့ဖြေပါတယ်… ကျွန်မ ကျောချမ်းသွားပါတယ်… ကြည့်လိုက်တော့မှ ရခိုင်လူငယ်လေးတစ်ယောက်ပါ ဘာလုပ်ချင်လို့လဲ မာဆတ်ဆတ်နဲ့ သူဆက်မေးတာကို ဘာမှမဟုတ်ပါဘူးဖြေပြီး တစ်ခါမှမဖြစ်ဘူးတဲ့ ကြောက်စိတ်က ဖြစ်လာပါတယ်… တကယ်တော့ သူ့ဟာသူစကားမာဆတ်ဆတ် ပြောတတ်တာလည်း ဖြစ်ချင်ဖြစ်မှာပါ… အမလေး ငါရဲ့ စလာမ်ပေးသံကြားတော့ မွတ်စ်မှန်းသူသိပီပေါ့… င့ါရုပ်ကလဲ ငြင်းလို့ရတာမှမဟုတ်တာ… ငါ့များ တခုခု လုပ်လိုက်ရင်ဒုက္ခ… ခု Taxi အသစ်တွေက တံခါးကို သူတို့ပိတ်လိုက်ရင် ဖွင့်မရဘူး… တနေရာ ခေါ်သွားရင်ဒုက္ခဆိုပြီး… ဘယ်လိုကို ကြောက်မှန်းမသိပါဘူး… မနေ့က မောင်လေးတွေကပြောတယ်… အမတို့ဘာမှမဖြစ်စေရဘူး ဖုံးသာဆက်လိုက်လို့ ပြောတယ်… ငါဖုံးဆက်လိုက်ရင် ကောင်းမလား… Text Message လှမ်းပို့လိုက်ရမလား မသိဘူး လျောက်တွေးနေတုန်း ဟိုဟာလုပ်ရကောင်းနိုးနိုး ဒီဟာလုပ်ရကောင်းနိုးနိုးလျှောက်စဉ်းစားနေရင်းနဲ့ပဲ အိမ်ရှေ့ကိုရောက်လာပါတယ်…

ုပိုက်ဆံလှမ်းပေးလိုက်တော့.. ကျေးဇူုးပဲနော်အမ ဆိုပီး ရခိုင်သံဝဲ၀ဲနဲ့ပြုံးပြ နှုတ်ဆက်သွားပါသေးတယ်… အမလေး ငါ့နှယ်နော် ဖြစ်မှ ဖြစ်ရလေ ဆိုပီးအိမ်ပေါ် လှမ်းတက်လာရင်းမှ ငါဘာလို့ ဒီလို ဖြစ်ရတာလဲဆိုတဲ့ မဆုံးနိုင်တဲ့ အတွေးတွေတစ်သီကြီး တွေးနေမိရင်း ဒီစာလေး ကို ရေးဖြစ်တာပါ…

ခေတ်ဆိုးစနစ်ဆိုးကြောင့် အငုံ့ကြောက်စိတ်များ ဖြစ်တည်လာခြင်းလို့ပဲ ခေါင်းစဉ် တပ်ပါရစေတော့…

မိုးရဲဆောင်းရဲ FB စာမျက်နှာမှ

Leave a Reply