14 hours ago
ပြည်တွင်းရှိ ဗလီတွေ ဖောက်ခွဲဖို့ ကြံစည်ခဲ့သူ ရခိုင်လူမျိုး ၃ ဦး ထောင်(၄)နှစ်စီ ပြစ်ဒဏ်ချ
15 hours ago
၁၀ နှစ်အတွင်း ဟဂ်ျပြုသူ ၂၅ သန်း ကို ဆော်ဒီ ၀န်ဆောင်မှုပေးနိုင်ခဲ့
15 hours ago
၂၀၁၅ ရွေးကောက်ပွဲတွင် ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ်ဟောပြောမှု တားမြစ်မည်မဟုတ်၊ FRC နှင့် White Card ကိုင်သူများ မဲပေးခွင့်မရှိ
24 hours ago
VOA: ဘာသာရေးပြဿနာဖြေရှင်းရေး မြန်မာကိုဖိအားပေးဖို့ HRW တိုက်တွန်း
2 days ago
ဟဂ်ျ မသွားလိုက်ရသူများအား ပတ်စ်ပို့များပြန်ပေး၊ ငွေကြေးများ ပြန်ပေးမည်ဟုသိရ
3 days ago
အင်ဒိုနီးရှား သမ္မတသစ် ၀ီဒိုဒို ကျမ်းသစ္စာကျိန်ဆို
3 days ago
အီဘိုလာကူးစက်သူ စပိန်သူနာပြု ရောဂါပျောက်ပြီ
3 days ago
ထိုင်းနိုင်ငံ ဖူးခက်ကျွန်းတွင် ကမ္ဘာ့လှည့် ခရီးသည်တင် ရေယာဉ် တိမ်းမှောက်
4 days ago
အမေရိကန်တွင် အသက် ၁၅ နှစ် အရွယ် လူငယ် တစ်ဦး အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခံရ
6 days ago
အနောက်ဘက်ကမ်းတွင် ၁၃ နှစ်သား ပါလက်စတိုင်း ကလေးတစ်ဦးအား အစ္စရေး စစ်တပ် ပစ်သတ်

ဇန်နဝါရီ ၉၊၂၀၁၃
M-Media
တင်မင်းထွဋ်

လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ၀ါဒစွဲများသည် စွဲမြဲစွာလက်ကိုင်ထားသင့်သော အရာများမဟုတ်ပေ။ မိမိ မိသားစုကောင်စားရေး၊ မိမိ အသိုင်းအ၀န်းကောင်းစားရေးမှသည် မိမိ လူမျိုးကောင်းစားရေးတို့ကို ကြိုပမ်းဆောင်ရွက်ရာတွင် အခွင့်အရေးနှင့် အခွင့်အထူးခံများ ပေးခြင်းဖြင့် ရေရှည်တွင် မိမိလူမျိုး၏ အရည်အသွေးနှင့်တန်ဖိုးကို မြှင့်တင်ပေးရာမရောက်ဘဲ အခွင့်အရေးများကြောင့် မိမိလူမျိုးသည် အခြားသောလူများနှင့် နှိုင်းယှဉ်ပါက အရည်အချင်းများ ကျဆင်းနိုင်ကြောင်း သတိပြုသင့်လှပေသည်။

မြန်မာ့သမိုင်း၏ မြန်မာဘုရင်များ လက်ထက်တွင် မိမိလူမျိုး ၀ါဒကို ဦးစားပေးဆောင်ရွက်ခဲ့ကြသည်များ ရှိခဲ့သလို  အခြားသော မတူကွဲပြားသော လူမျိုးစုများကိုလည်း လူမျိုးကိုမကြည့် အရည်အချင်းကို ကြည့်ကာ တန်ဖိုးရှိရှိ အသုံးချကာ ချီးမြှင့်မြှောက်စားခဲ့ကြသည်။ ပသီသွေးသောက်တပ်သားများ ၊ ကိုယ်ရံတော်တပ်များ ၊ ကမန်လေးသည်တော် တပ်များအပါအ၀င် လူမျိုးစုံတပ်များသည် မြန်မာဘုရင်များ လက်ထက်တွင် ထင်ရှားခဲ့သော အရည်အချင်းရှိ လူမျိုးမတူ ကွဲပြားခြားနားသည့် ယဉ်ကျေးမှုများရှိသော လူမျိုးများဖြစ်သော်လည်း အရည်အချင်းကြောင့် ချီးမြှင့်မြောက်စားခံခဲ့ကြရသည်။ မိမိလူမျိုးတစ်မျိုးတည်းသာ အခွင့်ထူးခံပေးကာ ချီးမြှင့်မြောက်စားခြင်းကို မြန်မာဘုရင်များ၏ သမိုင်းတွင် အလွန်အင်မတန်မှ ရှားလှပါသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းများတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အဖွဲ့အစည်းတွင်သာမက အခြားသော လွတ်လပ်ရေးရရှိရန်ဆောင်ရွက်ကြသည့် နယ်ပယ်စုံတွင် တိုင်းရင်းသားစုံ၊ လူမျိုးစုံမှ ကျရာကဏ္ဍမှ ဆောင်ရွက်ခဲ့ကြသည်။ ထိုစဉ်က အဖွဲ့အစည်းများတွင် လူမျိုး တစ်မျိုးတည်း ဆောင်ရွက်ခြင်း လုပ်ဆောင်ခြင်းမှာ အလွန်အင်မတန်မှ နည်းသလို အောင်မြင်မှုလည်း မရရှိကြောင်း သမိုင်းတွင်လေ့လာနိုင်သည်။ မတူကွဲပြားသော ယဉ်ကျေးမှုပေါင်းစုံ လူမျိုးအစုံ၏ အင်အားနှင့် တန်ဖိုးကိုလည်း ဂရုပြုသင့်လှသည်။

ယဉ်ကျေးမှုတစ်ခုတွင် အခြားသောလူမျိုးများ၏ ယဉ်ကျေးမှုအငွေ့အသက်များလည်း ပါဝင်နေသည်။ ယနေ့ခေတ်ကာလတွင် ကိုယ်ပိုင်ယဉ်ကျေးမှု မပျက်ယွင်းသော လူမျိုးစု အင်မတန်မှ နည်းပါးစွာ ရှိတော့သည်။

လူတစ်ဦး၏ အရည်အချင်းနှင့် တန်ဖိုးကို ၎င်း မွေးဖွာရာဒေသ၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာတို့ဖြင့် တိုင်းတာ၍ မရပေ။ ၎င်း၏ လုပ်ကိုင်နိုင်မှုစွမ်းရည်နှင့် ချင့်ချိန်သုံးသပ်မှုများကိုသာ အခြခံအားဖြင့် သတ်မှတ်ကြသည်။ လူတစ်ဦး၏ အရည်အချင်းနှင့်တန်ဖိုးကို မိမိဘာသာဆောင်ရွက်နိုင်မှသာ ရရှိနိုင်ပေသည်။  အရည်အချင်းနှင့်တန်ဖိုးကို အချိန်ကာလတစ်ခုသာ ချိုးနှိမ်ထားနိုင်သည်။ အစဉ်အမြဲ ထိန်းချုပ်မထားနိုင်ပေ။  အရည်အချင်းရှိ လူတစ်ဦးအနေဖြင့် မိမိဘ၀တက်လမ်းကို ကိုယ်တိုင်ရှာဖွေသွားနိုင်သည်။ ထိုသို့သော လူမျိုးများအတွက် အခွင့်အရေးများမလိုသလို အခွင့်ထူးခံရရှိရန်လည်း မလိုအပ်ပေ။

လူတစ်ဦး၏ ဘ၀သက်တမ်းတစ်ခုစာမျှဖြစ်ခဲ့သော စနစ်ဆိုးများအောက်တွင် နေထိုင်ခဲ့ရသော လူမျိုးစုံများတွင် ထိုစနစ်များ၏ ဆိုးကျိုးများထဲမှ တစ်ခုဖြစ်သော လူမျိုးရေးခွဲခြားခြင်းနှင့် လူမျိုးကြီးဝါဒကို လူမျိုးပေါင်းစုံ ခံစားခဲ့ရသည်။ ညီညွတ်ခြင်းသည် အောင်နိုင်မှုဖြစ်စေသောကြောင့် အိမ်ကြက်ချင်း အိုးမဲသုတ်ကာ ခွပ်စေခဲ့သည်မှာလည်း ခေတ် အဆက်ဆက်ဖြစ်စေခဲ့သည်။ ထိုအကျိုး တရားများ၏ ဆိုးမွေဖြစ်သော တိုင်းပြည်အတွင်း နေထိုင်ကြသူများတွင် အားနည်းသူလူမျိုးစုများ ၊ ဖိနှိပ်ခံလူမျိုးစုများတွင် အားငယ်စိတ်၊ အငုံစိတ်များ၊ တစ်ဘက်ဆွဲစိတ်ဓါတ်များ ရှင်သန်ခဲ့သည်။

ပညာရေးနိမ့်ကျခဲ့သော လူမျိုးစုများနှင့် ရှေးရိုးစွဲလွှမ်းမိုးမှုအားကောင်းသော လူမျိုးစုများတွင်လည်း အတွေးအခေါ်ဘက်မညီမှု နှင့် ကန့်သတ်ခံ ဦးနှောက်များလည်း ဖြစ်စေခဲ့သည်။ အရည်အချင်းသည် တန်းဖိုးရှိသောအရာမဟုတ်တော့ဘဲ အခွင့်အရေးများသည်သာ အားထားရာဖြစ်စေခဲ့သည်။ အခွင့်အရေးသည် အမြဲတမ်းရရှိနိုင်သည့် ကံကောင်းစေသောအရာများ မဟုတ်တော့သည်ကိုလည်း သတိပြုသင့်လှသည်။

မိမိလူမျိုး ၊ မိမိအသိုင်းအ၀န်း တိုးတက်ကောင်းစားရေးကို ဆောင်ရွက်ရာတွင် အခွင့်အရေး၊ အခွင့်ထူးခံများ ပေးခြင်းဖြင့် အရည်အချင်းကို မည်သို့မျှမတိုးတက်လာသလို ထိုအခွင့်ထူးခံရရှိသူ ပုဂ္ဂိုလ်များသည် အခြားတန်းတူ ပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်ပါက အရည်အချင်း ကွာခြားမှုများစွာရှိနေကြောင်း တွေ့နိုင်ပေသည်။ တန်းတူယှဉ်ပြိုင် အခွင့်အရေးပေးခြင်းဖြင့်သာ အရည်အသွေးကို တိုးတက်စေသည်။ ထိုသို့ဆောင်ရွက်ရာတွင်လည်း မိမိလူမျိုးမှ တခြားမတူကွဲပြားလူမျိုးများနှင့် နှိုင်းယှဉ်ကာ မည်သည့်ဘက်တွင် အားသာချက်ရှိသည်၊ မည်သည့်ဘက်တွင် အားနည်းချက်များစွာရှိနေသည်ကို သိထား လေ့ကျင့်ပေးထားမှသာ မိမိလူမျိုး၏ အရည်အသွေးကိုတိုးတက်စေနိုင်သည်။ အခွင့်ထူးခံပေးခြင်းဖြင့် ရေရှည်တွင် အရည်အချင်း မရလာနိုင်ပေ။

တစ်ချိန်က လူကြီးသူမများသည် ဆန်ရင်းနာနာဖွတ်ဆိုသည့် စကားအတိုင်း မိမိတို့၏ မိရိုးဖလာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများတွင် မိမိတို့၏ သားမြေး ဆက်ခံမည့်သူများကို သူများထက် နာနာဖွတ်ကာ တန်ဖိုးတက်စေ၊ အုပ်ချုပ်စေနိုင်ခဲ့သည်။ မည်သူမှ ကိုယ့်မျက်ဝတ်ကို ကိုယ်မမြင်နိုင်ကြပေ တခြားသူ၏ မျက်ဝတ်ကိုသာ မြင်၍ ဝေဖန်နိုင်ခဲ့ကြသည်။ အခြားသူများမှ မိမိမျက်ဝတ်ကို ဝေဖန်လာသော အမြင်များကိုလည်း နားထောင်ကာ ပြုသင့်ဆောင်ရွက်သင့်သည်များကိုလည်း လုပ်ဆောင်သင့်ပေသည်။ ထိုနေရာတွင် မိမိလူမျိုးတွင် အားနည်းချက်လုံးဝ မရှိဟူသော တစ်ဘက်စွဲ စိတ်ကိုလည်း ခေတ္တမေ့ထားသင့်သည်။

မိမိလူမျိုးများ၏ အားနည်းချက်များကို သိုဝှက်မှုမရှိ ရှာဖွေကာ အားနည်းချက်များကို တတ်နိုင်သလောက် ပြုပြင်ရပါမည်။ ယနေ့အချိန်အခါတွင် အလုံးစုံပြီးပြည့်စုံသော လူသားလူ့အဖွဲ့အစည်း မည်သည့်နေရာတွင်မျှ မရှိသေးပါ။ အရည်အချင်းနှင့် အရည်အသွေးတို့သည် ချက်ချင်းလက်ငင်း လုပ်ယူဆောင်ရွက်လို့ ရသည့် အရာများမဟုတ်ပေ။ အဆင့်ဆင့်ဆောင်ရွက်ကြရသည်များသာ ဖြစ်သည်။

အငုံစိတ်များဖြစ်ပေါ်နေသော လူ့အဖွဲ့အစည်း၊ အဖိနှိပ်ခံလူ့အဖွဲ့အစည်းကို အရည်အချင်းမြှင့်တင်ပေးရန် အထူးလိုအပ်လှနေပေသည်။ အဖိနှိပ်ခံလူ့အဖွဲ့အစည်းကို အခွင့်အရေး၊ အခွင့်ထူးခံများပေးခြင်းသည် ဆေးမြီးတိုဖြင့် ကုသခြင်းဖြစ်ပြီး ရေရှည်တွင် အရည်အချင်း တိုးတက်ရရှိမှု အလွန်နည်းပါးသည်။ အငုံစိတ်၊ ဖိနှိပ်ခံရသော စိတ်ဓါတ်များကို အင်အားအသွင်ပြောင်းလဲကာ အရည်အချင်း တိုးတက်စေနိုင်သည်။ အလွန်တရာ ဖိနှိပ်ခံရသော ရိုဟင်ဂျာလူမျိုးစုများမှ ကမ္ဘာနှံ့ ထွက်ပြေး လွတ်မြောက်ခဲ့သော ရိုဟင်ဂျာများသည် စိတ်ဓါတ်ပြောင်းလဲကာ အသိပညာရှင် ၊ အတတ်ပညာရှင်များ ဖြစ်နေသည်ကို လက်တွေ့မြင်တွေ့နေရသည်။ ဖိနှိပ်ခံစိတ်၊ အငုံစိတ်များကို အင်အားတစ်ခုအဖြစ် ပြောင်းလဲကာ အခွင့်အရေးမရှိ အရည်အချင်းဖြင့်သာ ရရှိခဲ့သည်မှာ လက်တွေ့ပင်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေး တံခါများတစ်ချပ်ပြီး တစ်ချပ်ဖွင့်ဟလာတော့မည်ဖြစ်ရာ လက်သင့်ရာ စားတော်ကဲ ခေါ်သည့် ခေတ်များမကြာမှီ ပျောက်ဆုံးတော့မည်ဖြစ်သည်။ အရည်အချင်းသည် အခရာ ကျလာပေတော့မည်။ ထိုအခါတွင် တန်ဖိုးကျနေသော အရည်အချင်း လျော့နည်းနေသော မိမိလူမျိုး ကောင်စားရေး အမြင်များဖြင့်လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများ၏ အလားအလာသည် အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။ စီးပွားရေးနှင့် လူမျိုးစွဲ၊ ဘာသာစွဲကို ရောထွေးမနေသင့်ပေ။

နိုင်ငံတကာလုပ်ငန်းများသည် အရည်အချင်းသာ အဓိကဖြစ်သည်။ လူမျိုး ၊ ဘာသာသည် အရေးမကြီးပေ။ စွမ်းရည်အပေါ်မှသာ အကဲဖြတ်ကြပေသည်။ ထိုအခါ နိုင်ငံတကာနှင့် ယှဉ်ပြိုင်ရမည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများသည်လည်း အရည်အချင်းကို တန်ဖိုးထားမလား၊ အစွဲများကို ဦးစားပေးရင်း မိမိတို့လုပ်ငန်းများ ကျဆုံးခံမလား ဆုံးဖြတ်ရမည် ဖြစ်သည်။ မိမိလူမျိုးကို ဦးစားပေးသောအစွဲများကို ဆက်လက် လက်ကိုင်ထားမည်ဆိုရင်လည်း မိမိလူမျိုး၏ အရည်အချင်းများကို တန်ဖိုးရှိအောင် ချွန်ထားသင့်သည့် အချိန်ရောက်နေပြီဖြစ်သည်။

တင်မင်းထွဋ်