6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ၊ ၁၅
M-Media

Esposito Slams Deep-Rooted Islamophobia

အစ္စတန်ဘူလ်။            ။ လွန်ခဲ့တဲ့ ၁၂ နှစ်ဝန်းကျင် ၉/၁၁ အရေးကစပြီး ကမ္ဘာတစ်ဝှန်းက မွတ်စ်လင်မ်တွေအပေါ် တစ်ဖက်သတ်အမြင်မှားကြောက်ရွံ့မှု(Islamophobia) ယန္တရားဟာ အရှိန်မြင့်မားနေဆဲဖြစ်တယ်။ မိမိနဲ့အတိုက်အခံဖြစ်သူ ဘယ်သူ့ကိုမဆို သေးသိမ်စေလိုယင် အကြမ်းဖက်ဆိုတဲ့ ခေါင်းစည်းတပ်နေဆဲဖြစ်တယ်လို့ ယမန်နေ့ အစ္စတန်ဘူလ်မှာကျင်းပတဲ့ International Conference on Islamophobia မှာ နာမည်ကြီး အမေရိကန် မွတ်စ်လင်မ် ပါမောက္ခ တစ်ဦးက ပြောကြားလိုက်ပါတယ်။

“ ခင်ဗျားတို့တွေ့မြင်နေရတာက အခြေအမြစ်မဲ့ အကြောက်တရားတွေဖြစ်တယ်။ ယနေ့ကာလမှာ အခြေခံလူ့အဖွဲ့အစည်းထဲက နေ့စဉ်စကားတွေမှာ အစ္စလာမ်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေကို တွေ့နေရပါတယ်။ သူတို့ရဲ့ကောက်ချက်ချမှုများဟာ အထောက်အထားမရှိ၊ ခိုင်မာမှုမရှိ၊ လူထုရှေ့မှောက်မှာ တေ့ဆိုင် ရှင်းလင်းမှု မရှိပဲနဲ့ လက်ခံချင်စရာ အမှန်တရားလိုလို ဖြစ်လာကြတယ် ” လို့ စက်တင်ဘာ ၁၂ ရက်၊ ကြာသပတေးနေ့က အထက်ပါ အစ္စတန်ဘူလ် ညီလာခံမှာ ဂျော့ဂ်ျတောင်း တက္ကသိုလ်၊ ဘာသာရေး၊ နိုင်ငံတကာရေးရာ နဲ့ အစ္စလာမ့်လေ့လာရေးပညာ ပါမောက္ခ ဂျွန် အယ်လ် အက်စ်ပိုစီတို (John L. Esposito) က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်ကျင်းပတဲ့ညီလာခံမှာ အက်စ်ပိုစီတိုက “Islamophobia: Law and Media” ခေါင်းစဉ် နဲ့ ဟောကြားခဲ့ပါတယ်။

“ တစ်ဖက်သတ်အစ္စလာမ့်ကြောက်ရောဂါနဲ့မီဒီယာအခန်းကဏ္ဍ” အကြောင်းဟောပြောချက်အတွင်း ၁၉၉၀ နှစ်များတစ်လျှောက် ဥရောပနဲ့အမေရိကန်ပြည်ထောင်စု အတွင်း Islamophobia ပုံဟန်သစ်တစ်ခု ရုတ်ခြည်းပဲ အရှိန်ဟုန်ပြင်းစွာပေါ်ထွက်လာခဲ့ကြောင်း တွေ့ခဲ့ရတယ်လို့ အက်စ်ပိုစီတိုက ထည့်သွင်းပြောကြားခဲ့တယ်။

အဲ့ဒီ အစ္စလာမ်အပေါ်တစ်ဖက်သတ်အမြင်မှားစိုးကြောက်စေရေးသွေးထိုးမှုများကို အမေရိကန်ဖောင်ဒေးရှင်း ၇ ခုက ဦးဆောင်ခဲ့တာဖြစ်ပြီး ၁၀ နှစ်တာအတွင်း လှုပ်ရှားဦးဆောင်သူတွေနဲ့သူတို့ရဲ့ဝက်ဘ်ဆိုဒ်တွေကို ဒေါ်လာ ၄၂.၅ သန်း ပံ့ပိုးကူညီခဲ့ကြတယ်လို့ သူက ဖွင့်ချပြောဆိုတယ်။

“ ယနေ့ခေတ်ရဲ့ Islamophobia ရောဂါပြင်းထန်မှုက သာမန်မီဒီယာတွေထက် လူကြိုက်များရေပန်းစားတဲ့ ဆိုရှယ်မီဒီယာတွေကနေတဆင့် ထိုးဖောက်စိမ့် ၀င်လာတာကို ကျွန်တော် ထောက်ပြချင်ပါတယ်။ ယခင်နဲ့ယခု ကျွန်တော်တို့ တွေ့မြင်ရတဲ့အခြေအနေဟာ အဲ့ဒီအုတ်မြစ်ဆီက တိုးထွက်လာမှုပဲ ဖြစ်ပါတယ် ”။

အထောက်အထားမရှိ အခြေအမြစ်မဲ့ စိုးရိမ်မှုပေါ်အခြေပြုလို့ အမေရိကန်ပြည်ထောင်စုထဲက ပြည်နယ် ၃၁ ခုမှာ ယှရီအဟ်ဥပဒေဆန့်ကျင်ရေးတွေ ပြန့်နှံ့ခဲ့ကြတယ်။

အက်စ်ပိုစီတိုက “ ယှရီအဟ်ဥပဒေဆန့်ကျင်ရေးအတွက် တောင်းဆိုနေသူများက ဘယ်သူတွေလဲ။ သူတို့သာလျှင် ပြဿနာကောင်တွေ ဖြစ်ပါတယ်။ တိုင်းသူပြည်သားတွေက ယှရီအဟ် ဆိုတာ ဘာမှန်းတောင် သိရှိခဲ့ကြတာမဟုတ်ဘူး။ အဲ့ဒါကို ယှရီအဟ်ဥပဒေဆန့်ကျင်ရေးအတွက် ထောက်ခံကြတယ်တဲ့ဗျာ ” ဆိုပြီး ပြောပြခဲ့ပါတယ်။

ကွန်ဖရင့်ကို စက်တင်ဘာ ၁၂ နဲ့ ၁၃ ရက်က ကျင်းပခဲ့တယ်။ တူရကီဒုဝန်ကြီး ဗျူးလဲင့် အာရင့် (Bulent Arinc) ၊ အိုအိုင်စီရဲ့အထွေထွေအတွင်းရေးမှူးချုပ် အက်မီးလက်တင် အိဟ်စာနိုဂလူ (Ekmelettin Ihsanoglu) နဲ့ နိုင်ငံတကာ ပညာရှင်များစွာလည်း တက်ရောက်ခဲ့ကြတယ်။

အစ္စလာမ့်အခြေခံဝါဒီများအား ချိုးနှိမ်သေးသိမ်စေခြင်း

အစ္စလာမ့်လမ်းစဉ်အခြေခံအစိုးရကို အကြောက်ကြီးကြောက်လို့ အီဂျစ်အာဏာသိမ်းပွဲ ဖြစ်ခဲ့တယ်။ အဲ့ဒါ တရားဝင်သလား ဆိုတဲ့မေးခွန်းကို ရှောင်ဖယ်နေ သူများဟာ ကြောင်းကျိုးမကျ သိမ်ဖျင်းတဲ့ Islamophobia ရောဂါဝင်နေသူများသာဖြစ်တယ်လို့ အက်စ်ပိုစီတိုက ဝေဖန်လိုက်ပါတယ်။

“ ထပ်ပြန်တလဲလဲ တစ်ဖက်သတ်ယိုးစွပ်မှုတွေကိုပဲ ပြုလုပ်နေကြတယ်။ စစ်အစိုးရရဲ့အကြမ်းဖက်မှုအတိုင်းအတာကိုတော့ မကြည့်ရှုမသုံးသပ်ကြဘူး။ လူတွေဟာ ထောင်နဲ့ချီပြီး နှိမ်နှင်း သတ်ဖြတ်ခံလိုက်ရပြီ ”။

သမ္မတဟောင်း မုဟမ္မဒ် မိုရ်စီကို စစ်တပ်ကဖြုတ်ချပြီးတဲ့နောက် အီဂျစ်နိုင်ငံအတွင်းအပြင်မှာ အစ္စလာမ့်အခြေခံဝါဒီများရဲ့ သွေးထိုးဝါဒဖြန့်မှုကြောင့်ဆိုတဲ့ အကြောင်းပြချက်ကိုပဲ တွေ့နေပြန်တယ်။ အကယ်၍များ အစ္စလာမ့်လမ်းစဉ်ပေါ် အခြေခံတဲ့အစိုးရ (တစ်နည်း) မိုရ်စီရဲ့အစိုးရ လက်အောက်မှာ လက်ရှိအကြမ်းဖက် လုပ်ရပ်မျိုးရဲ့ ဆယ်ပုံတစ်ပုံပဲ ဖြစ်ပွားခဲ့ယင်တောင်မှ “ဧရာမအကြမ်းဖက်လှိုင်းလုံးကြီး” လို့ ပြဲပြဲစင်ဟစ်အော်ကြပါလိမ့်မယ် ဆိုပြီး အက်စ်ပိုစီတိုက စစ်တပ်ရဲ့လုပ်ရပ် အပေါ် ထိထိရောက်ရောက် ပြစ်တင်ရှုတ်ချခဲ့တယ်။

ဒါ့အပြင် ဒီအဖြစ်ဟာ အာဏာသိမ်းခြင်းဟုတ်မဟုတ်၊ ဒီမိုကရေစီနည်းကျရွေးချယ်ခံအစိုးရကို ဖယ်ထုတ်တာက တရားဝင်ခြင်းရှိမရှိ ဆိုတဲ့အပေါ် သေသေချာချာ စိစစ်ကြည့်မြင်မှု မရှိသူတွေကိုလည်း သူက ဝေဖန်လိုက်ပါတယ်။

စီမိုက်တစ်အနွယ်ဆန့်ကျင်ရေး နဲ့ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခအရေးကို အထူးပြုလေ့လာသူ နိုင်ငံရေးကျွမ်းကျင်ပညာရှင် အမေရိကန်လူမျိုး နော်မန် ဂယ်ရီ ဖင်ကဲလ်စတိန်း (Norman Gary Finkelstein) က ဒီအဆိုကို သဘောတူခဲ့တယ်။

လူတစ်စုတစ်ဖွဲ့ရဲ့ပင်မယုံကြည်မှုများကို ဦးတည်ပြီး တစ်လွဲပုံဖော်ချက်ဟာ ကျိုးကြောင်းကျနခြေမြစ်မှု မရှိတဲ့အပြင် အန္တရာယ်ဖြစ်စေပါတယ်။ မွတ်စ်လင်မ်တွေဟာ အကြမ်းဖက် သမားတွေဖြစ်တယ်၊ ဂျူးတွေဟာ နိမ့်ကျသူတွေဖြစ်တယ်၊ အစ္စလာမ်ဟာ အကြီးအကျယ်ဖျက်ဆီးမယ့်သာသနာဖြစ်တယ် ဆိုတာမျိုးတွေဟာ anti-Semitism နဲ့ Islamophobia ထဲက တူညီနေတဲ့ ဖွင့်ဆိုသတ်မှတ်ချက်တစ်ခုဖြစ်တယ်လို့ သူက ပြောပြခဲ့ပါတယ်။

ဒီလိုဖွင့်ဆိုသတ်မှတ်ချက်တွေ၊ ခေါင်းစဉ်တပ်မှုတွေဟာ အဆင့်မရှိတဲ့အပြင် ပကတိအရှိတရားအပေါ် ကြည့်မြင်ရှာဖွေရေးလမ်းကြောင်းကနေ လူတွေကို အမြင်မှားလမ်းချော်သွားစေကြောင်း ဖင်ကဲလ်စတိန်းက အထူးပြု ဆွေးနွေးသွားခဲ့ပါတယ်။

Leave a Reply