6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၃၁ ၊၂၀၁၆
M-Media
hajj
အွမ္မရဟ်ပြုရန်အတွက် စပိန်နိုင်ငံမှ မွတ်စ်လင်မ်တစ်ဦးသည် လွန်ခဲ့သော ၅ လခွဲမှစ၍ ကီလိုမီတာ ၉၀၀၀ ကျော်ခရီးကို ပဲရစ်မြို့မှ ခြေလျင်လျှောက်သွားရောက်ခဲ့ကြောင်း သိရသည်။

အစ္စဟာ့က်သည် ပြင်သစ်မှ မက္ကဟ်သို့ ခြေလျင်သွားရန် ရည်ရွယ်ခဲ့ကြောင်း၊ ယင်းခရီးစဉ်အတွက် တစ်နေ့လျှင် ၁၀ ယူရိုငွေ – စုစုပေါင်း ယူရို ၅၀၀၀ သာအသုံးပြုရန် စီမံခဲ့ကြောင်း၊ ခရီးစဉ်အတွင်း လူအများ၏ထောက်ပံ့ငွေကို ငြင်းဆန်ခဲ့ကြောင်း ကူဝိတ်သတင်းစာ Al Rai မှဖော်ပြခဲ့သည်။

ကြမ်းတမ်းဆိုးဝါးသည့် ရာသီဥတုအခြေအနေကြောင့် အစ္စဟာ့က်အနေနှင့် ခရီးစဉ်အတွင်းမှာလည်း အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ တစ်ကြိမ်တွင် အအေးဒဏ်ကြောင့် ခြေနှင့်လက်များ ထုံကျင်သောဝေဒနာ ခံစားခဲ့ရသည်။

မြင့်မြတ်နယ်မြေသို့ ခြေလျင်သွားရောက်ကြသူမှာ အစ္စဟာ့က် တစ်ဦးတည်းမဟုတ်ပါ။ ၂၀၁၂ ခုနှစ်က ဘော့စနီးယား အမျိုးသားတစ်ဦးကလည်း ဟဂ်ျတာဝန် ထမ်းဆောင်ရန် ကီလိုမီတာ ၅၇၀၀ ကျော် ခြေလျင်ခရီးဖြင့် အရောက်သွားခဲ့ဖူးသည်။ ယခုနှစ်တွင် တရုတ်မွတ်စ်လင်မ် တစ်ဦးနှင့် ရုရှားမွတ်စ်လင်မ် တစ်ဦးမှလည်း စက်ဘီးဖြင့် ဟဂ်ျခရီးစဉ် သွားရောက်ခဲ့ကြောင်း သိရသည်။

Source: Ilmfeed
World Bulletin

Comments are closed.